Telenorက ဆင်းမ်ကတ်ရောင်းချမည့် ရက်အတိအကျမပြော

Telenor Myanmar အနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ယခုရက်ပိုင်းအတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချမည့်ရက် အတိအကျမသိရသေးကြောင်း ယနေ့ကျင်းပသော Myanmar Connect 2014 အခမ်းအနားမှ သိရသည်။

"ဘယ်တော့ရောင်းမလဲ ပြောရရင်တော့ မကြာခင်မှာပဲ ရောင်းချမယ်လို့ပြောပါရစေ" ဟု တယ်လီနောမြန်မာ ၏ CEO Peter Furberg ကပြောသည်။ စက်တင်ဘာလ ၁၆ ရက်မှ စတင်ကာ တယ်လီနောဆင်းမ်ကတ် များရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

"တာဝါတိုင်တွေ ဆောက်နေတာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါပဲ။ ဆင်းမ်ကတ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရောင်းချသွားမှာပါ" ဟု Mr.Peter Furberg ကပြောသည်။

internetjournal


မှတ်ချက်များ