သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၈ ရက် စီရင်ချက်ချမည်

ပဲခူးတိုင်း တောင်ငူထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် သရုပ်ဆောင် ရဲတိုက်ကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၆ ရက် နေ့လည်က ရုံးချိန်း ချိန်းဆိုခဲ့ သည်။

သရုပ်ဆောင် ရဲတိုက်အား ယနေ့ အပြီးသတ် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း စက်တင်ဘာ ၁၈ ရက်မှသာ စီရင်ချက်ချမည်ဟု ပြန်လည် ချိန်းဆိုလိုက်သည်ဟု သူ၏ရှေ့နေက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မေလက ၂၈ရက်က ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စိန့်မေရီကာသီဒြယ် ဘုရား
ကျောင်းအတွင်း ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာ ဝင်ခွင့်မပြု၍ တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ဗိုလ် တစ်ထောင်မြို့နယ်ရဲစခန်းတွင် အရေးယူခံထားရခြင်းဖြစ်သည်။

ယင်းအပြင် သရုပ်ဆောင်ရဲတိုက်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ကျောက်တံခါးမြို့နယ် ရဲစခန်းတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက ထိန်းသိမ်းခံခဲ့ရပြီး စက်တင်ဘာလအတွင်းက တောင်ငူထောင်သို့
ပြောင်းရွှေ့ခဲ့သည်။

ကျော်စိုးမိုး | mizzima



မှတ်ချက်များ