မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်၊ မြို့နယ်တရားရုံး၊ တရားခွင်အတွင်း နာကျင်စေမှုတစ်ခု အားစစ်ဆေးစဉ် တရားခံမှ တရားလိုပြ သက်သေ အမျိုးသမီးတစ်ဦးကို ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့သည်။
တရားခွင် အတွင်း ဓားဖြင့် ထိုးခံရသော တရားလိုပြ သက်သေ အမျိုးသမီးသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး ဓားထိုးခံရ သောဒဏ်ရာကြောင့် ကျောက်ဆည် ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျှက်ရှိပြီး အသက် အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။
“တရားခံကို တရားရုံးကနေပြီး နာကျင်စေမှုအပါအ၀င် ပုဒ်မ ၃၄၂-၃၂၃ နဲ့တရားဆွဲပြီး ဒီအမှုနဲ့ပဲ အာမခံပေး ထားတယ်၊ ဒီနေ့ရုံးချိန်းမှာ လိုပြသက်သေကောင်မလေးက ပိုပြီးထွက်ဆိုတယ်ဆိုပြီး ဓားနဲ့ထိုးတယ်လို့သိရ ပါတယ်” ဟု ကျောက်ဆည်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
တရားခွင်အတွင်း ဓားထိုးမှုကို ကျူးလွန်ခဲ့သော တရားခံအား ယခင်ပြစ်မှုအပြင် ထပ်တိုးကာ အရေးယူထား ပြီး ကျောက်ဆည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။
“လူသက်ရန်ကြံစည်မှုအပါအ၀င် ပ/၄၂၈ ၊ ၃၀၇ နဲ့ အမှု့ဖွင့်အရေးယူထားပါတယ်။ တရားရုံးကတရားခွင် ထဲ ကို ဓားဘယ်လိုယူဆောင်လာတယ်၊ ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာ စစ်ဆေးဆဲပဲရှိပါသေးတယ်။ ရဲလုပ် ထုံးလုပ်နည်း အရ စစ်ဆေးပြီးရင် ထပ်ပြီးတော့တရားဆွဲမှာပါ” ဟုလည်း ယင်းအမှုကို စစ်ဆေးနေသော အမှုစစ် ရဲအရာရှိတစ်ဦးကပြောသည်။
တရားခွင်အတွင်း သေစေသော လက်နက်ယူဆောင်လာကာ လူသတ်ရန်ကြံစည်မှုဖြစ်စဉ်သည် ကျောက် ဆည်မြို့နယ်တရားရုံးအတွင်း ပထမဆုံးဖြစ်ကြောင်း သိရသည်။
ဘုန်းလျှံမင်း | The Union Daily

မှတ်ချက်များ