![]() |
| Photo - BBC |
လက်ရှိတွင် ထောင်ကျနေသော ရဲတိုက်ကို ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၂၉၅ (က)ဖြင့် တစ်နှစ် တို့ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။တစ်ပေါင်းတည်းကျခံရမည်ဖြစ်သော
ကြောင့် ထောင်ဒဏ်တစ်နှစ်ကျခံရမည် ဖြစ်သည်။
ရဲတိုက်သည် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ခရစ်ယာန်
ကျောင်းသို့ သွားရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ်တရားရုံးက ဘာသာ၊ သာသနာညှိုးနွမ်းစေမှုပုဒ် ၂၉၅၊ ၂၉၅ (က)တို့ဖြင့် စစ်ဆေးခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ဆေးခြောက်အနည်းငယ် လက်ဝယ်တွေ့ရှိ၍ ပဲခူးတိုင်းဒေ သကြီး၊ ကျောက်တံတားမြို့နယ်တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် စစ်ဆေးခဲ့သည်။
ထိုပုဒ်မဖြင့်ပင် ရဲတိုက်ကို ၂၀၁၄ ဧပြီလ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ခဲ့မှုကို အယူခံဝင်ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး ငါးနှစ်ချမှတ်ခဲ့သည်။
7Day

မှတ်ချက်များ