ယာဉ် (၂)စီး မျက်နှာခြင်းဆိုင် တိုက်မိပြီး စက်ဘီးစီး လာသူ ကျောင်းသူ (၂)ဦးအား ဆက်လက်တိုက်မိရာ တဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်ရှိ မိုင်တိုင်အမှတ် ၁၅၄/၆နှင့် ၁၅၄/၇ အကြားတွင် ၁၇ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် ပြည်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုအောင်
မောင်း မောင်းနှင်လာသော 2A-8817 ဟိုင်းလတ်ကား အဖြူရောင် ပြည်-ကြို့ပင်ကောက် ခရီးသည်တင် ကားနှင့် ရန်ကုန်မှပြည်ဘက်သို့ ယာဉ်မောင်း ဦးဝင်းမော် မောင်းနှင်လာသော YGN-AD 5367 စလွန်းကား အဖြူရောင်တို့သည် မျက်နှာချင်းဆိုင်တိုက်မိပြီး ဟိုင်းလတ်ကားမှ စက်ဘီးစီးလာသူကျောင်းသူနှစ်ဦးဖြစ် သည့် အင်းမတပ်နယ်ကျောင်း၊ ဒဿမတန်း(A)မှ ဦးမျိုးညွန့်၏သမီး မဇင်မာထွန်းနှင့် ဒဿမတန်း(A)မှ ဦးမြင့်အောင်၏သမီး မရွှန်းအိမြတ်တို့(၂)ဦးအား ထပ်မံတိုက်မိရာ မဇင်မာထွန်းမှာ နေရာတွင်ပင် သေဆုံး ခဲ့ပြီး မရွှန်းအိမြတ်နှင့် ခရီးသည်(၁၆)ဦးတို့ ဒဏ်ရာများရရှိကြသဖြင့် ပြည်ဆေးရုံသို့(၄)ဦးအား လွှဲပြောင်း ခဲ့ရကြောင်း၊ ကျန်သည့်ခရီးသည်များအား အင်းမတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အင်းမတိုက်နယ် ရဲစခန်းမှ ပ.၃၃/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄က/၃၃၈ ဖြင့် ယာဉ်မောင်း ဦးမိုးအောင်နှင့်ဦးဝင်းမော်တို့(၂)ဦးအား အမှုစစ်စခန်းမှူး ဦးဝင်းနိုင်မှ စစ်ဆေးဆောင်ရွက်ပြီး ဒဏ်ရာရရှိသူများအား အချိန်မီဆေးကုသခံယူနိုင်ရေးအတွက် အင်းမတိုက်နယ်
ဆေးရုံနှင့် ပြည်ဆေးရုံသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးစစ်
ဆေးဆောင်ရွက်ပြီး အခင်းဖြစ်မြေပုံကြမ်း၊ ဓါတ်ပုံ၊ ရဲမှတ်တမ်းများ ပြည့်စုံစွာဆောင်ရွက်ပြီး အမြန်တရားဆွဲ တင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ကိုလေး(ပြည်) | News Watch

မှတ်ချက်များ