ဧရာဝတီမြစ်ကြောင်းတွင် စက်လှေ၊ သင်္ဘောများကို အုပ်စုဖွဲ့ လုယက်နေ

မန္တလေးတိုင်း ဒေသကြီး အတွင်း ဧရာဝတီမြစ်
ကြောင်း တလျှောက်မှာ ခုရက်ပိုင်း အတွင်း ကုန် တင်သင်္ဘော နဲ့ စက်လှေပေါ်က ကုန်ပစ္စည်းတွေ ကို အုပ်စုဖွဲ့ လုယက်မူတွေ ရှိနေတာကြောင့် ၂၄ နာရီ လုံခြုံရေးချ စောင့်ကြည့် နေတယ်လို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

မန္တလေးခရိုင် အမရပူရမြို့နယ်၊ ရတနာပုံတံ တား ကနေ ပုသိမ်ကြီးမြို့ နယ် သရက်တပင် ကျေးရွာအ တွင်း ဒီရက်ပိုင်းမှာ အုပ်စုဖွဲ့ပြီး လုယက်မူတွေ ရှိလာ တာကြောင့် ရဲတပ်ဖွဲ့က လှည်းကင်း၊ ၀ပ်ကင်းတွေနဲ့ အချိန် ပြည့် လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဆိုပါ တယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကတော့ မန္တလေးခရိုင်အတွင်းက ဆိပ်ကမ်း ၁၀ ခုမှာ ရေကြောင်း၊ ကုန်တင်ကုန်ချ၊အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောပါ တယ်။

“မြစ်ကြောင်းတလျှောက်က ဆိပ်ကမ်းတွေ၊ မြို့နယ်တွေ အကုန်ပါတာပေါ့။ အမရပူရပါတယ်။ မဟာအောင်
မြေပါမှာပေါ့။ ဟိုဘက်ကဆို ပုသိမ်တို့ ပါတာပေါ့။ ဆိပ်ကမ်း ၁၀ ခုရှိတဲ့အတွက် အဲဒီ ၁၀ ခုမှာတော့ ရေကြောင်းတွေပါတယ်၊ ကုန်တင်ကုန်ချအဖွဲ့တွေပါတယ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ ဆိပ်ကမ်း ၁၀ ခုမှာ နေ့စဉ် ကင်းလှည့်တာတွေ ရှိတယ်။ ကမ်းနားတွေမှာလည်း လှည့် ကင်းတွေနဲ့ စိုးမိုးတာတွေရှိတယ်။ အဲဒါတွေ လက်ရှိဆောင်ရွက်နေတယ်။”

စက်တင်ဘာလဆန်းက ဧရာဝတီမြစ်အတွင်း သွားလာနေတဲ့ မော်တော်တစီးကို အမျိုးသား ၄ ဦးနဲ့ အမျိုး သမီး ၁ ဦးပါတဲ့ စက်လှေတစ်စီးက ကပ်လာပြီး လုံခြုံရေးအဖွဲ့ကို လေးခွနဲ့ပစ်ခဲ့တဲ့ အတွက် သေနတ်နဲ့ ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လုယက်တဲ့သူတွေဟာ စက်လှေတွေနဲ့ ရောက်လာကြပြီး ကုန်သင်္ဘောတွေပေါ်က ဆန်အိတ်၊ ဘက်ထရီအိုး စတဲ့ပစ္စည်းတွေ လုယက်ယူသွားကြကြောင်း၊ လူမိရင် သူတို့မလိုက်နိုင်အောင် လေးခွနဲ့ ပြန်လည်ပစ်ခတ် ထွက်ပြေးလေ့ရှိတဲ့အတွက် ၂၄ နာရီလုံခြုံရေး ပေးနေရတယ်လို့ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောပါ တယ်။

၂၀၁၀-၂၀၁၁ ခုနှစ်တွေတုန်းကလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ဖူးပြီး စစ်ကိုင်းတိုင်းဒေသကြီး နောက်ကြည့် ကျွန်း ဒေသကနေ လာရောက် လုယက်တဲ့ တရားခံ ၁၈ ဦးကို ဖမ်းမိခဲ့တယ်လို့ မန္တလေး တိုင်းဒေသကြီး ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ထွန်းထွန်းသိန်း | DVB

မှတ်ချက်များ