ထိုသို့သွားရောက်စစ်ဆေးရာ ရေချိုးခန်းမှာ အတွင်းမှ ဂျက်ထိုးထားပြီး အသံများ မကြားရဘဲ တံခါးဖွင့်မပေး သဖြင့် တံခါးဂျက်အား ဖျက်ဆီးဝင်ရောက်ခဲ့ရာ ကြမ်းပြင်ပေါ်တွင် သွေးများပေနေသော အရိုးအသွား (၁၁) လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်းအားတွေ့ရှိရပြီး မသဲသက်စုထွေးမှာ ဝဲဘက်နံစောင်းနှင့် ဝဲဘက်ရင်အုံတို့ တွင် ထိုးသွင်းဒဏ်ရာများ၊ ယာဘက်လက်မ၊ ယာဘက်လက်ခလယ်နှင့် လက်ညှိုးတို့ကြား၊ ဝဲဘက်လက် သန်းနှင့် လက်ကောက်ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည့်အပြင် ဖြိုးသီဟမှာလည်း ၎င်း၏ဝဲဘက်လက်ဖျံရှိ သွေးပြန်ကြောအား မိမိကိုယ်ကို ဓါးဖြင့်လှီးဖြတ်ကာ လဲကျနေသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသခဲ့ပါသည်။
ယင်းသို့ဖြစ်ပွားခဲ့သည့်အတွက် ဖြိုးသီဟအား လှိုင်မြို့မရဲစခန်း(ပ)၄၇၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police

မှတ်ချက်များ