မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်ကို လိပ်တွေနဲ့ ဘယ်လိုပုံဖော်ခဲ့သလဲ(TV/Report)



မြန်မာပြည်ရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်နဲ့ အမိမြေအမြန်ငြိမ်းချမ်းစေဖို့ ရည်ရွယ်ပြီးPerformance Artist ၆ယောက်က စက်တင်ဘာ ၁၄ရက်နေ့မှာ For the Peace ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ River Ayeyarwaddy ပြခန်းမှာ ပြပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးမရသေးတာကို သူတို့ဘယ်လိုပုံဖော် တင်ဆက်ခဲ့သလဲ။

နိုင်ငံတကာငြိမ်းချမ်းရေးနေ့အတွက် ရည်စူးပြီး ပန်းချီဆရာ ၁ဝဝကျော်ရဲ့လက်ရာတွေကို ပြသနေတဲ့ ပြပွဲ ဒုတိယမြောက်နေ့မှာတော့ ငြိမ်းချမ်းရေးဆိုတာဘာလဲ၊ မြန်မာပြည်ဘာ့ကြောင့် ငြိမ်းချမ်းရေးမရဘဲ ဖြစ်နေ တာလဲဆိုတဲ့အချက်ပေါ်မှာ 
Artists တွေရဲ့ အတွေးတွေကို တင်ဆက်ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတာ ငြိမ်းချမ်းရေး၊ ဆင်းရဲမှုပပျောက်ရေးနှစ်ခုဖြစ်ပြီး အဲဒီနှစ်ချက်ကိုမလုပ်
နိုင် သမျှ တိုင်းပြည်နလန်ထူနိုင်မှာ မဟုတ်ဘူးလို့ 
Performanceမှာပါဝင်တဲ့ ကဗျာဆရာ ဆူးသစ်နီက ပြော ပါတယ်။ လက်ရှိငြိမ်းချမ်းရေးလုပ်နေတဲ့အဖွဲ့တွေအားလုံး ပြည်သူလူထုကိုမကြည့်ဘဲ လိပ်တွေလို ကိုယ့် ဖက်ကိုယ်ယက်နေတယ်ဆိုတာကို ပြောချင်လို့ ၃နှစ်လောက် စုဆောင်းထားတဲ့ လိပ်အကောင်တစ်ရာ
ကျော်ကို ထည့်သွင်းတင်ဆက်ခဲ့တာပါလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက် သရုပ်ဖော်တင်ဆက်ချင်တဲ့ အနုပညာသမားတွေနဲ့ပေါင်းပြီး သူတို့ပြခန်းအနေနဲ့ ဒါဟာ ပထမဆုံးအကြိမ် 
Performance Show လုပ်ဖြစ်တာပါလို့ မဖြူအိသိမ်းက ပြောပါတယ်။

အနုပညာရှင်တွေက သူတို့တတ်တဲ့ပညာနဲ့ ငြိမ်းချမ်းရေးကို ဖော်ကျူးတာဖြစ်ပြီး နောက်နေ့တွေမှာလည်း ကဗျာရွတ်ပွဲတွေ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၁ရက်မှာတော့ ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းက စစ်ပြေးဒု က္ခသည်တွေရဲ့ ဆေးရောင်ထဲ လက်နှစ်ချောင်းနှစ်ပြီး ကင်းဗတ်ပေါ်လက်ဗွေနှိပ်ထားတဲ့ အပေါ် ငြိမ်းချမ်း
ရေးချိုးဖြူငှက်ရေးဆွဲထားတဲ့ မျှော်လင့်ငြိမ်းချမ်း အနာဂတ်လမ်းဆိုတဲ့ ပန်းချီကားကို အထူးအစီအစဉ်အနေ နဲ့ လေလံတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ပန်းချီကား ရောင်းရငွေတွေအပြင် ပန်းချီဆရာတွေရဲ့ အလှူငွေတွေကိုလည်း စစ်ပြေးဒုက္ခသည်စခန်းတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။


kamayutmedia

မှတ်ချက်များ