အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို

အတွင်းဝန်ရာထူးခန့်အပ်လျှင် ၀န်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ ခရီးသွားခြင်း၊ လစ်လပ်ခြင်းများ ဖြစ်ပေါ်လျှင် ဌာနလုပ်ငန်းများ မနှောင့်နှေးအောင်အတွင်းဝန်က ဆက်လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။ ပြည်ပခရီးစဉ် တစ်ခုမှ ပြန်လာသော နိုင်ငံတော်သမ္မတကို ကြိုဆိုနေသော ပြည်ထောင်စုဝန်ကြီးအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်သမ္မတရုံး)
ဝန်ကြီးဌာနများတွင်ခန့် ထားမည့်အမြဲတမ်းအတွင်းဝန်ရာ ထူးအတွက် အတွေ့အကြုံရင့် ကျက်သည့် နိုင်ငံ့ ၀န်ထမ်းများကို သာ ရွေးချယ်တာဝန်ပေးအပ်သွား မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မီစတင် ခန့်အပ် မည်ဟု သတင်းရရှိသည်။

လက်ရှိအစိုးရသက်တမ်း ၁၉လသာကျန်တော့ချိန်တွင်ဝန် ကြီးဌာနများ၌ ၀န်ကြီးအပြောင်း အလဲဖြစ်သော် လည်း မူဝါဒမ ပြောင်းဘဲ ဆက်လက်လည်ပတ် နိုင်ရန် အမြဲတမ်းအတွင်းဝန်ရာ ထူးခန့်အပ်ရေးကို စဉ်းစား
ဆောင် ရွက်နေပြီး အတွင်းဝန်စနင်ကျင့် သုံးသည့် ဒီမိုကရေစီနိုင်ငံများကဲ့ သို့ အတွေ့အကြုံရှိနိုင်ငံ့ဝန်ထမ်း များကိုသာရွေးချယ်တာဝန်ပေး မည်ဟု ပြည်ထောင်စုဝန်ကြီးဦးရဲ ထွဋ်ကပြောသည်။

ထို့အပြင် ၀န်ကြီးဌာနများအတွင်း ရာထူးတစ်ခုအတွက်ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဆွဲခြင်းမှာ လွှတ်တော်နှင့် မသက်ဆိုင်ဘဲ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၀န်ကြီး၊ ဒုဝန်ကြီးခန့် ထားမှုများတွင်သာလွှတ်
တော်သို့ တင်ပြရကြောင်း ဦးရဲထွဋ်ကဆိုသည်။

ပြည်လည်ခန့်အပ်မည့်အမြဲ တမ်းအတွင်းဝန်မှာ ၀န်ကြီးဌာ နတစ်ခုလုံးတွင် အကြီးဆုံးဖြစ်ပြီး ညွှန်ကြားရေး မှူးချုပ် အထက်မှ နေ၍ စီမံခန့်ခွဲရမည်ဖြစ်သည်။

မြန်မာနိုင်ငံရေးတွင်ဝန်ကြီး ချုပ်ဦးနုလက်ထက်၌ အမြဲတမ်း အတွင်းဝန်နှင့်ပါလီမန်အတွင်း ၀န်နှစ်မျိုးရှိခဲ့ပြီး ဗြိတိသျှစနစ်ကို ယူ၍ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ထို စဉ်က အမြဲတမ်းအတွင်းဝန်များ ကို နိုင်ငံ့ဝန်ထမ်းများသာ ခန့်အပ် ခဲ့ပြီး ပါလီမန်အတွင်းဝန်မှာ အ ရပ်သားများထဲမှ ပညာတတ်အ ချို့ကို လွှတ်တော်ဆိုင်ရာဆက်ဆံ
ရေးအတွက်ခန့်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး ကောင်စီ လက်ထက်တွင် အမြဲတမ်းအ တွင်းဝန်များကို ဆက်လက်ခန့် ထားခဲ့သော်လည်း တပ်မတော်မှ အရာရှိများကပါ လာရောက်တွဲ ဖက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း နအဖအစိုးရလက် ထက်တွင် ဒုတိယညွှန်ကြားရေး မှူးချုပ်များကို ရုံးအဖွဲ့မှူးတာဝန် ပေး၍ အတွင်းဝန်ဆန်ဆန်ခန့်အပ် သုံးစွဲ မှုရှိခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေး နှင့် အပြောင်းအလဲတို့တွင်လွှတ် တော်သ
ဘောထားရယူရပြီးအမြဲ တမ်းအတွင်းဝန်မှာ ယခင်ပါလီ မန်ခေတ်တွင် ဒုဝန်ကြီးအဆင့်နှင့် ညီကြောင်း ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းထိန်ကပြော သည်။ ‘‘အခုက ဒုဝန်ကြီးရှိတော့ ဒီအတွင်းဝန်ခန့်တာက လွှတ်တော်ကို တင်ချင်လည်းရတယ်။ မတင် လည်းရတာပေါ့’’ဟု ၎င်းကဆို သည်။

အေးသူစံ | 7day



မှတ်ချက်များ