![]() |
| ဗြိတိန် ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွမ်း |
ဝန်ကြီးချူပ် David Cameron က၊ အဆိုပါ အစွန်း
ရောက်တွေဟာ မွတ်ဆလင်မ်တွေ မဟုတ်၊ လူ့မိစ္ဆာ
တွေသာ ဖြစ်တယ်လို့လည်း ပြောပြီး၊ တရားမျှတမှု ကို ဖော်ဆောင်နိုင်ဖို့ သူတို့ကို လိုက်လံ တိုက်ခိုက် ပစ်မယ် လို့ ဆိုပါတယ်။
ဆီးရီးယား နိုင်ငံထဲ မှာ စစ်ဘေး ဒုက္ခသည်တွေ ကို ကူညီနေရင်း လွန်ခဲ့တဲ့ ၁နှစ်ခွဲ ကတည်းက အဖမ်းခံ ရခဲ့ တဲ့ မစ္စတာ ဟိန်းစ်ကို ခေါင်းဖြတ် သတ်နေတာ ဖော်ပြထား တဲ့ ဗီဒီယိုကို အစွန်းရောက်တွေ က ထုတ်ပြန် ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လထဲကလည်း အမေရိကန် ၂ ဦး ကို၊ သတ်ဖြတ် ခဲ့ကြ ပါသေး တယ်။
အခု နောက်ဆုံး ဗီဒီယိုထဲမှာလည်း အင်္ဂ္လိပ် လေယူလေသိမ်း နဲ့ စကားပြောတဲ့ မျက်နှာဖုံစွပ်လူ ပါဝင်ပြီး၊ ဒုတိ ယမြောက် ဗြိတိသျှ တစ်ဦးကို ထပ်မံ သတ်ပြဦးမယ် ဆိုပြီး ခြိမ်းခြောက် ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ