အောက်တိုဘာ ၁ ရက်နေ့ကစ စီအန်ဂျီဈေး နှစ်ဆ မြှင့်မည်
လာမယ့် အောက်တိုဘာ ၁ ရက်နေ့က စပြီး စွမ်းအင်ဝန်ကြီးဌာနကနေ ရန်ကုန်က ဘတ်စ်ကားနဲ့ တက္ကစီတွေ ကို ဖြန့်ဖြူးရောင်းချပေးနေတဲ့ စီအန်ဂျီ ဈေးနှုန်းတွေကို ၂ ဆ တိုးမြှင့်တော့မယ်လို့ စွမ်းအင်ဝန်ကြီးဌာန စီအန်ဂျီဌာနခွဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ထုတ် The Voice သတင်းစာက ဖော်ပြပါတယ်။
လက်ရှိ ဓာတ်ဆီ ၁ ဂါလန်နဲ့ ညီမျှတဲ့ စီအန်ဂျီ ၁၆၅ ကုဗပေ ကို ကျပ် ၁၀၀၀ နှုန်း ရောင်းချပေးနေရာကနေ
အောက်တိုဘာ ၁ ရက်နေ့ကစ ကျပ် ၂၀၀၀ နှုန်း ကောက်ခံတော့မယ်လို့ ဆိုပါတယ်။
ဒီဈေးနှုန်းဟာ အိမ်နီးချင်း ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အိန္ဒိယ မှာ ရောင်းချပေးနေတဲ့ ဈေးနှုန်းတွေ ထက် သက်သာနေသေးတယ်လို့ ဌာနတာဝန်ရှိသူက ဆိုပါတယ်။
ခုလို စီအန်ဂျီ ဈေးနှုန်း မြှင့်တင်လိုက်တဲ့ အတွက် အများပြည်သူကို သယ်ယူပို့ဆောင်ပေးနေတဲ့ တက္ကစီ နဲ့ ဘတ်စ်ကားခ ဈေးနှုန်းတွေ တက်၊ မတက် မပြောနိုင်သေးပါဘူး။
DVB

မှတ်ချက်များ