Beats ကုမ္မဏီဟာ အရွယ်အစား-အပြည့်နဲ့ ကြိုးမဲ့ Headphone တစ်ခုဖြစ်တဲ့ Beats Studio Wireless ကို ထုတ်လုပ်ပြီးတဲ့ အခါ သမယ မှာ Sony ကလည်းမတူညီတဲ့ ပုံစံတစ်မျိုးနဲ့ ဒေါ်လာ ၂၀၀ တန်ဖိုးရှိတဲ့ ကြိုးမဲ့ Headphone တစ်ခုကို ထုတ်လုပ်ခဲ့ပါပြီ။ ထို Headphone ကတော့ MDR-XB950BT ပဲဖြစ်ပါတယ်။
ဒီ Headphone ဟာ ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ နားနှစ်ဖက်မှာ အလွယ်တကူနဲ့ သာ သာယာယာ ညှပ်ထားနိုင်ပြီး ရုံးလုပ်ငန်းတွေနဲ့လည်း သင့်တော်ပါတယ်။ အသံ အတိုးအကျယ် ခလုပ်၊ သီချင်း အရှေ့အနောက် ရွှေ့ပြောင်းခလုတ်နဲ့ ပါဝါ အဖွင့်အပိတ်ခလုတ်တို့ ကို အသုံးပြုရလွယ်ကူစေဖို့ အမည်တပ်ထားပြီး ဘယ်ဘက်နားကြပ်ပေါ်မှာ ထင်ရှားစွာ ထည့်သွင်းပေးထားပါတယ်။
Sony ရဲ့ MDR-XB950BT ကြိုးမဲ့ Headphone ဟာ အဆင့်မြင့် ဒီဇိုင်းဖြစ်ပြီး သက်တောင့်သက်သာရှိကာ သင့်တော်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ MDR-XB950BT ဟာ Beats Studio Wireless ထက် ၇၅ ရာခိုင်နှုန်းတိတိ ဈေးသက်သာတယ်လို့ သိရပါတယ်။ ဘက်ထရီသက်တမ်း ဟာ ၁၇ နာရီ အထိ အသုံးခံပြီး သယ်ယူဖို့ အိတ်တစ်ခု လည်း ပါဝင်တယ်လို့သိရပါတယ်။
တစ်ခုတည်းသော အားနည်းချက်ကတော့ ဘယ်ဘက်နားကြပ်ပေါ်မှာ ထင်ရှားစွာ ပါဝင်တဲ့ ထိန်းချုပ်ခ လုပ်တွေဟာ နှိပ်တဲ့အခါမှာ မထင်မှတ်ပဲ ပျက်စီးနိုင်ပါတယ်။
Trend Myanmar

မှတ်ချက်များ