မြန်မာ့ဆန်တန်ချိန် နှစ်သောင်းစတင်ဝယ်ယူရန် အိန္ဒိယအစိုးရ တင်ဒါခေါ်
အိန္ဒိယ နိုင်ငံသည်မြန်မာနိုင်ငံမှ ဆန်တန်ချိန်သိန်းချီ ဝယ်ယူသွားမည်ဖြစ်ပြီး ကနဦး အနေဖြင့် ဆန်တန်ချိန်
နှစ်သောင်း စတင်ဝယ်ယူရန် တင်ဒါခေါ်ယူ ထားကြောင်း မန္တလေးမြို့ အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေး ဆန်ကုန်စည်ဒိုင်မှ သတင်းရရှိ သည်။
အိန္ဒိယနိုင်ငံမှ ၂၅ မှတ် ဆန် တန်ချိန်နှစ်သောင်းဝယ်ယူရန် တင်ဒါခေါ်ယူထားခြင်းဖြစ်ပြီး ပြည်တွင်း ဆန်လုပ် ငန်းရှင်များ သည် စက်တင်ဘာ ၂၃ ရက် နောက်ဆုံးထားကာ တင်ဒါတင် သွင်းရမည်ဖြစ်သည်။ တင်ဒါ
အောင်သော ကုမ္ပဏီသည် အောက် တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းမှ တစ်ဆင့် အပြီးတင်ပို့ရမည် ဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံတွင် ရထား လမ်းများပြုပြင်မည်ဖြစ်ရာ လမ်း ပန်းဆက်သွယ်ရေးအခက်အခဲကြောင့် နိုင်ငံအရှေ့
မြောက်ပိုင်း ပြည်နယ်နှစ်ခုဖြစ်သည့် မဏိပူရ ပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်တို့ ၏ ဆန်လိုအပ်ချက်ကို ဖြေ ရှင်း နိုင်ရန် မြန်မာနိုင်ငံမှ ဆန်များဝယ် ယူမည်ဖြစ်သည်။ ကနဦးအနေဖြင့် ပြည်နယ်တစ်ခုလျှင် ဆန်တန် ချိန် တစ်သောင်းနှုန်းဖြင့် စုစု ပေါင်းဆန် တန်ချိန်နှစ်သောင်း ဝယ်ယူရန် တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်ဟု အိန္ဒိ ယကောင်စစ်ဝန် ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကျွန်တော်တို့ဆီ ရောက် လာတဲ့ တင်ဒါ ခေါ်စာတွေ မန္တလေးဆန်ကုန်စည်ဒိုင်ကို ပေးပို့ထားပါတယ်။ အခု ဆန်လိုအပ် နေတဲ့ ပြည်နယ်နှစ်ခုက စစ်ကိုင်း တိုင်းဒေသကြီးတို့၊ ချင်းပြည်နယ် တို့နဲ့ ထိစပ်နေတယ်။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးကနေသွား ရင် ကုန်ကျစရိတ်ပိုသက်သာပြီး ပိုအဆင်ပြေနိုင်တယ်’’ဟု အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ပင်လယ်ရေကြောင်းကုန် သွယ်ရေးထက် အထက်မြန်မာ ပြည်မှတစ်ဆင့် တင်ပို့လျှင် ပိုမို အဆင်ပြေနိုင်မည်
ဖြစ်ပြီး လမ်း ပန်းဆက်သွယ်ရေးနှင့်လိုအပ် သော သတင်းအချက်အလက်များ အတွက် အိန္ဒိယကောင်စစ် ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေး မည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မန္တလေးမှဆန် ကုန်သည်များစုပေါင်းကာ တင်ဒါ တင်သွင်းနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။ တင်ဒါစည်း ကမ်းတွင် ဆန်တန်ဖိုး၏ ၃ ရာခိုင် နှုန်း Deposit (အာမခံငွေ)တင်ရ မည်ဖြစ်သည်ဟု ဆို သည်။
‘‘လောလောဆယ်ဝယ်မယ့် ပမာဏက တန်ချိန်နှစ်သောင်းဆို ပေမယ့် တရုတ်ကို သုံးရက်ပို့စာ လောက်ပဲရှိ တယ်။ ဒါပေမဲ့ အိန္ဒိယကို Border Trade ကနေ မပို့ဖူးကြဘူး။ ဈေးကွက်သစ်ဆို တော့ ဒီကလုပ်ငန်းရှင်တွေ က စိတ်ဝင်စားကြတယ်။ ဈေးနှုန်း ရော၊ ပို့ရတာရော အဆင်ပြေ သွားရင်တော့ မြန်မာ့ဆန် ဝယ် လက်အသစ် ရတာပေါ့’’ ဟု မန္တလေးဆန်ကုန်စည်ဒိုင်မှ ဆန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာ့ဆန် ပြည်ပတင်ပို့မှု ၏ ၆၀ ရာခိုင်နှုန်းကျော်ကို နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ နေခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် တရုတ်နိုင်ငံ၌ ဆန်သစ် ပေါ်ချိန်ဖြစ်သော
ကြောင့် မြန်မာ့ ဆန်ဝယ်ယူမှုလျော့နည်းနေသလို ဈေးအေးနေသည်ဟု တရုတ်သို့ ဆန်တင်ပို့နေသူများ က ပြော သည်။
အိန္ဒိယသို့ နယ်စပ်ကုန်သွယ် ရေးမှတစ်ဆင့် ဆန်တင်ပို့မှုအဆင်ပြေလျှင် ဆန်သစ်ပေါ်ချိန်၌ ပြည်တွင်း ဆန်ဈေးနှုန်းကျဆင်းခြင်း ကြုံတွေ့ရတော့မည်မဟုတ်ဘဲ ဆန်ကုန်သည်များသာမက လယ်သမားများပါ အဆင်ပြေနိုင်မည်ဟု ပြည်တွင်း ဆန်လုပ်ငန်းရှင်များက ခန့်မှန်းသည်။
မောင်တာ | 7day

မှတ်ချက်များ