မြောက်ကိုရီးယားက ပြုံယမ်းကိုသွားမယ့် ‘‘ပန်းကြာဝတ်မှုန်’’


ပန်းကြာဝတ်မှုန်ရုပ်ရှင် ဇာတ်ကားကို မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းရုပ်ရှင်ပွဲတော်တွင် ပြသမည်ဖြစ်သော
ကြောင့်စက်တင်ဘာ ၁၄ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာစင်ရော်မောင်မောင်ကပြော သည်။

ယင်းရုပ်ရှင်ကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ရက်အထိ ကျင်းပမည့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းရုပ်ရှင်ပွဲ
တော်တွင် ပြသသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ပြုလုပ်မည့် ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင်လည်းပြသ
သွားရန် အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်။

‘‘ပြုံယမ်းရုပ်ရှင်ပွဲတော်ကို ဇာတ်ကားပရိုဂျူဆာနဲ့ အတူသွား မယ်။ မနက်ဖြန်(စက်တင်ဘာ ၁၄) ရက်ဘေ ဂျင်းကိုသွားပြီး အဲဒီကတစ်ဆင့် ပြုံယမ်းကိုဆက်သွားမယ်’’ဟု ၎င်း၏ခရီးစဉ်နှင့် ပတ်သက်၍ပြောသည်။ စက်တင်ဘာ ၂၂ ရက်တွင် ပြုံယမ်းမှ တရုတ်နိုင်ငံတွင် ပြု လုပ်မည့် ရွှေကြက်ဖရုပ်ရှင်ပွဲ တော်သို့ ဆက်လက် တက်ရောက်မည်ဖြစ်ပြီး ယင်းရုပ်ရှင်ပွဲတော်သို့ ပန်းကြာဝတ်မှုန်ဇာတ်ကားတွင်ပါဝင်သည့် သရုပ်ဆောင် သီရိရှင်းသန့်လည်း တက်ရောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

7Day


မှတ်ချက်များ