ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးခဲ့တဲ့ လလစ (၇၅၇) က တပ်မှူး ဗိုလ်မှူးကျော်စွာဝင်း ကို ပြင်ဦးလွင် တလအ အချုပ်မှာ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတော့ ကျွန်တော် ကြေကွဲမိတယ်။
တိုင်းပြည် နဲ့ လူမျိုးအပေါ်စေတနာထားတဲ့ ဗိုလ်မှူးကျော်စွာဝင်း လို တပ်မတော်သားကောင်းတစ်ယောက် ကို အပြစ်ပေးအရေးယူတာ သိလိုက်ရတော့ ၂၀၁၂ ခုနှစ် ၄ လ ပိုင်းလောက်မှာ လားရှိုးအခြေစိုက် လစရ (၇) တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး တစ်ယောက် ရဲ့ နှိပ်စက်မှုဒဏ် ကို မခံနိုင်ကြတော့တဲ့ သူ့ရဲ့ လက်အောက် ခံ အရာရှိတွေက အထက်ကို တိုင်ကြားခဲ့ကြတဲ့ ဖြစ်စဉ် ကို သတိရမိတော့တာပါဘဲ။
အခုလက်ရှိလဲ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ အဲဒီ တပ်မှူး က သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်
နေတဲ့ အရာရှိ တွေ ကို ပါးရိုက်လေ့ရှိသလို မအေနှမ မကြားဝံ့မနာသာဆဲဆိုလေ့ရှိပြီး ရဲမေ တွေကိုပါ မိုက်မိုက်ရိုင်းရိုင်း ဆဲ ဆိုလေ့ရှိတာ ကြောင့် အရာရှိ ၁၄ ဦး က အထက်ကိုတိုင်ကြားခဲ့ကြတာပါ။
ဒီလိုတိုင်ကြားခဲ့တဲ့ အတွက် လစရ (၇) ဒု တပ်မှူး အပါအ၀င် အရာရှိအချို့ကို black list ထဲ ထည့်ပြီး နယ်ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို မတရားမှုတွေ ဖြစ်ပေါ်နေလို့လဲ ဖြောင့်မတ်မှန်ကန် တဲ့ တပ်မတော်သားတွေ ရဲ့ စိတ်ဓာတ်တွေ ပျက်ဆီးကြရတယ်။
တပ်မတော်ဆိုတာ ပြည်သူနဲ့ တသားထဲ ရှိနေရမှာပါ။ ပြည်သူနဲ့ တသားထဲ ရှိတဲ့ ဗိုလ်မှူးကျော်စွာဝင်းကို ချက်ချင်းလွှတ်ပေးဖို့ လေးလေးနက်နက်တောင်းဆိုပါတယ်။
Star Queen's Facebook


မှတ်ချက်များ