ပြီးခဲ့သည့် မေလအတွင်း က ရန်ကုန်-မန္တလေးအမြန်လမ်း တွင် ဖြစ်ပွားခဲ့သည့် လူ ၁၄ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ သည့် ရာဇာမင်းခရီးသည်တင် ယာဉ်မတော်တဆမှုနှင့်ပတ်သက် ၍ ယာဉ်မောင်းဖြစ်သူကို လယ် ဝေးမြို့နယ် တရားရုံးက စက်တင် ဘာ ၉ ရက်တွင် ထောင်ဒဏ် ၁၄ နှစ်ချမှတ်လိုက်သည်။
အဆိုပါ ယာဉ်မောင်းသည် အစောပိုင်း အခင်းဖြစ်စဉ်က ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ကြောင်း စစ်ဆေးပေါ်ပေါက်၍ မော်တော်ယာဉ်ဥပဒေ ပုဒ်မ-၂၁/၆၄ အရ အလုပ်နှင့် ထောင်ဒဏ် သုံးလပြစ်ဒဏ်ချမှတ် ခံထားရသူဖြစ်သည်။
ယာဉ်မောင်းဖြစ်သူ ဦးမင်းခန့်(ခ)ဦးထွန်းခန့်စိုးအား ပုဒ်မ-၃၀၄(က) မတော်တဆ လူသေစေမှုဖြင့် အလုပ်နှင့်
ထောင်ဒဏ်ခုနစ်နှစ်၊ ပုဒ်မ-၃၃၇ မတော်တဆ မှုကြောင့် ပြင်းထန်စွာနာကျင်စေ မှုဖြင့် အလုပ်နှင့် ထောင် ဒဏ် ၂ နှစ်နှင့် ပုဒ်မ-၃၃၈ သာမန် ဒဏ် ရာရရှိစေမှု အလုပ်နှင့်ထောင် ဒဏ်ငါးနှစ် စုစုပေါင်း ၁၄ နှစ်ချ မှတ်ခဲ့
ခြင်း ဖြစ်သည်။
မတော်တဆဖြစ်ခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် သည် ၂၀၁၄ ခုနှစ် မေလ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် နေ ပြည်တော်မှ ရန်ကုန်သို့မောင်းနှင် စဉ် မိုင်တိုင်အမှတ် ၁၉၇/၆ အနီး ၌ မီးရထားခုံးကျော်တံ တားထိပ် ကို ၀င်ရောက်တိုက်မိကာ တံ တားအောက်သို့ ထိုးကျတိမ်း မှောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းမတော်တဆမှု ပြီး နောက် ရက်ပိုင်းအတွင်း ရာဇာ မင်းခရီးသည်တင်ယာဉ်လိုင်းအား နေပြည်တော် သို့ ပြေးဆွဲခွင့်ကို အစိုးရက ပိတ်ပင်ခဲ့သည်။
ထွန်းခိုင် | 7day

မှတ်ချက်များ