ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းပွားသည့်အရာများက ဦးနှောက်ကို ထိခိုက်စေနိုင်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်တူဆက်ဆံသူများအကြောင်း၊ လူမျိုးရေးခွဲခြားမှုများအကြောင်း၊ မကြိုက်မနှစ်သက်မှု များ(သို့) အခြားအမုန်းပွားသည့် အကြောင်းအရာများကို သင်တွေ့မြင်ဖတ်ရှုနေပါသလား။ ယင်းကဲ့သို့ ရေရှည်ေ
တွေ့  မြင်ဖတ်ရှုနေရပါက ဦးနှောက်ကို အန္တရာယ်ဖြစ်
စေသည်။

အွန်လိုင်းကွန်ရက်များအသုံးပြုခြင်းမှာ ကျန်းမာရေးကို ဓမ္မဓိဋ္ဌာန်မကျသောနည်းလမ်းများစွာဖြင့် အန္တရာယ် ဖြစ်စေကြောင်း အီတလီနိုင်ငံမှ သုတေသီများ၏ လေ့ လာမှုတစ်ရပ်အရသိရသည်။

လူမှုကွန်ရက်မှာ လူတို့၏ စိတ်ကျန်းမာရေးအပေါ် အန္တရာယ်ဖြစ်စေသည့် အမုန်းစကားများ၊ စော်ကားသော အပြုအမူများနှင့်တွေ့မြင်ကြုံကြိုက်နိုင်သည့် အန္တရာယ်ကို ပိုများစေသည်ဟု ယင်း လေ့လာမှုက ဖော်ပြ သည်။

ယခုကဲ့သို့ အဖြေမျိုးထုတ်နိုင်ရန် ရောမမြို့ဆာပီယန်တက္ကသိုလ်မှ သုတေသီဖာဘီယို ဆာဘာတီနိုနှင့် ဖရန် ဆက်ကို ဆာရာစီနိုတို့နှင့်အတူ အခြားသုတေသီများက အီတလီနိုင်ငံရှိ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ သုံးသော အိမ်ထောင်စုပေါင်း ၂၄၀၀၀ တွင် ပါဝင်သည့် လူပေါင်း ၅၀,၀၀၀ ၏ အခြေအနေများကို လေ့ လာခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းအသုံးပြုခြင်းဖြင့် လူအများကို၎င်းတို့၏ လောကအပေါ်အမြင်နှင့် ပတ်သက်၍ စိန်ခေါ်သည့် အတွေး အမြင်များရစေပြီး ထူးခြားမှုလျော့နည်းသွားသလို ခံစားရစေကာ အထူးသဖြင့်အမုန်းပွားသော အကြောင်းအ ရာများက ၎င်းတို့ကိုစော်ကားဝေဖန်ချိန်တွင် ယင်းခံစားချက်မျိုးဖြစ်ပေါ်လာတတ်သည်။

အွန်လိုင်းကွန်ရက်များသုံးခြင်းကြောင့် လူအများကို အခြားလူနာများအပေါ် ယုံကြည်မှုလျော့ နည်းသွားစေ သဖြင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။

အထူးသဖြင့် လိင်ကွဲပြားမှုနှင့်လူမျိုးရေးအခြေခံအမုန်းစကားများအပါအ၀င်ရန်စသော အပြုအမူများနှင့်အ မုန်းစကားများ ဆန့်ကျင်ရေးလူမှုဝက်ဘ်ဆိုက်များ၏ မူဝါဒများကို ခေတ်နှင့် တစ်ပြေးညီအဆင့်မြှင့်ရန်လို အပ်ကြောင်း ယခုလေ့လာမှုက ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။ လူမှုကွန်ရက် အသုံးပြု ခြင်းမှာ လူအများ၏ ပျော်ရွှင်မှုအပေါ်ထိခိုက်နိုင်သည်ဟု ယခင်လေ့လာမှုများကလည်းဖော်ပြသည်။

7day

မှတ်ချက်များ