စက်တင်ဘာ ၃ ရက်နေ့အထိ မိုးကြောင့် အိမ်ခြေ
၄၇၈၀ ပြိုကျခဲ့ပြီး လူ ၈ သောင်းနီးပါးကို နေရာရွှေ့
ပြောင်းပေးခဲ့ရတယ်လို့ ချောင်ချင်း ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်မှု သက်သာလျော့ပါးရေး ဌာန ချုပ်က စက်တင်ဘာ ၃ ရက်နေ့မှာ ပြောကြားလိုက် တာပါ။
မိုးကြောင့် စီးပွားရေးဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၃၄၆ သန်းဖိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ကတော့ ရွာတရွာ ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေတဲ့ ရွာသား ၁၅ ယောက်ကို ကယ်ဆယ်ရေး သမားတွေက ကယ်ထုတ်ခဲ့ရပါတယ်။ ကွေဂျာမြစ်နားမှာ ရေက ၂ နာရီအတွင်း ၉ ပေထိ မြင့်တက်ခဲ့လို့ ရွာသားတွေ ပိတ်မိခဲ့တာပါ။
သူတို့ ၁၅ ယောက်လုံးအတွက် ၆ နာရီအတွင်း ယာယီအိမ်တွေ စီစဉ်ပေးခဲ့တယ်လို့ ဒေသခံ ကယ်ဆယ်ရေး သမားတွေက ဆိုပါတယ်။

DVB

မှတ်ချက်များ