အမျိုးသားအဆင့်ဖွံ့ဖြိုးရေးအင်စတီကျူ ဆောက်ရန် ကိုရီးယားက ကန်ဒေါ်လာသန်း ၂၀ ထောက်ပံ့


မြန်မာနိုင်ငံမှာ အမျိုးသားအဆင့်ဖွံ့ဖြိုးရေးအင်စတီကျူဆောက်ဖို့ ကိုးရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေးအေဂျင်စီ (ကေအိုအိုင်စီအေ)က ကန်ဒေါ်လာသန်း ၂၀ ထောက်ပံ့ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားအဆင့်ဖွံ့ဖြိုးရေးအင်စတီကျူ တည်ဆောက်ဖို့အတွက် မနေ့က နေပြည်တော်မှာ ကိုရီးယားသံအမတ်နဲ့ အမျိုးသားစီမံကိန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းတို့က နားလည်မူစာချွန် လွှာ(MoU) ရေးထိုးပြီးလည်းဖြစ်ပါတယ်။

ကိုးရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ကေအိုအိုင်စီအေ) မြန်မာပြည် ရုံးခွဲက လက်ထောက်စီမံကိန်းအရာရှိ ဒေါ်အိကျော့ခိုင်ကတော့ အမျိုးသားအဆင့်ဖွံ့ဖြိုးရေး အင်စတီကျူ တည်
ဆောက်ဖို့အတွက် မနေ့က အန်အိုယူ ရေးထိုးခဲ့ပြီး RoT အသေးစိတ် လက်မှတ်ရေးထိုးပြီးရင် အခုပရော ဂျက်စတင်နိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကိုရီးယားသံအမတ်ကြီးနဲ့ ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်း တို့ အန်အိုယူ ထိုးထားတယ်။ အမျိုးသားအဆင့်ဖွံ့ဖြိုး
ရေး အင်စတီကျူ တည်ဆောက် ထိုးထားတယ်။ အဲဒီ ပရောဂျက်အတွက် ထိုးပြီးပါပြီ။ အာအိုတီကတော့ အသေးစိတ်သွားမှာပေါ့။ အာအိုတီ ထိုးပြီးရင် ပရောဂျက်က စတော့မှာပေါ့။”

ဒီစီမံကိန်းကို Myanmar Development Institute (MDI)လို့ ခေါ်ပြီး ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ အထိ ဆောင် ရွက်မှာဖြစ်သလို နေပြည်တော်မှာပဲ Myanmar Development Institute တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ လည်း ဒေါ်အိကျော့ခိုင်က ပြောပါတယ်။

“အဓိကတော့ Myanmar Development Institute (MDI) အတွက်ကို ၅ နှစ် ပရောဂျက် သွားမှာ။ အာအိုတီ ထိုးပြီးတာနဲ့ စမယ်။ လုပ်မယ့်နေရာက နေပြည်တော်မှာ။ အခုက နေပြည်တော်က ၀န်ကြီးရုံးတွေကို လုပ် မယ့်နေရာ ပရောဂျက်စိုက်တွေကို ရွေးခိုင်းထားတယ်။”

အမျိုးသားအဆင့်ဖွံ့ဖြိုးရေး အင်စတီကျူတည်ဆောက်ပြီးရင် ဖွံ့ဖြိုးရေးအစီအစဉ်တွေ စကောလားရှစ် ပညာသင်ကြားမှု အစီအစဉ်တွေ မြန်မာနဲ့ ကိုးရီးယားနှစ်နိုင်ငံပူးပေါင်းပြီး သင်တန်းတို ပေးတာတွေနဲ့ နိုင် ငံရေး သုတေသနပြုတာတွေပါဝင်မယ်လို့လည်း ကိုးရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ (ကေအိုအိုင်စီအေ)က ဒီရက်ပိုင်း သတင်းထုတ်ပြန်ထားပါတယ်။

ထွန်းထွန်းသိန်း | DVB



မှတ်ချက်များ