အရွယ်အစားတစ်ခုလုံးကို ၁၂ လက်မ အထိချုံ့လိုက်တဲ့ Toshiba ရဲ့ Chromebook 2


Toshiba ရဲ့ ပထမဆုံးထုတ်လုပ်တဲ့ Chromebook ဟာ သိပ်တော့မဆိုးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ၁၃.၃ လက်မ ရှိတဲ့ မျက်နှာပြင် အရွယ်အစားက သူ့ပြိုင်ဘက်တွေရဲ့ ၁၁.၆ လက်မသာရှိတဲ့ မျက်နှာပြင်တွေကိုကျော်လွန် ပြီး ရေပန်းစားမလာခဲ့ပါဘူး။ ဒီအနေအထားတွေ အားလုံးကိုပြောင်းလဲဖို့ Toshiba က ထုတ်ကုန်အသစ်ဖြစ် တဲ့ Chromebook 2 မှာ မျက်နှာပြင်အရွယ်အစားကို၁၃လက်မနဲ့ အရွယ်အစား တစ်ခုလုံးကို ၁၂ လက်မ အထိချုံ့လိုက်ပါတယ်။

Chromebook 2 မှာတော့ ၁၃၆၆×၇၆၈ ရုပ်ထွက် ကြည်လင်ပြတ်သားမှုကိုပေးထားပြီး ထောင့်ချိုးတွေက ကြည့်ရင်ပိုအဆင်ပြေဖို့ IPS panel ပါဝင်တဲ့ HD မျက်နှာပြင်ပြသမှု အပြည့်ရရှိမှာဖြစ်ပါတယ်။Skullcandy ကပြုလုပ်ပေးထားတဲ့ စတီရီယို စပီကာကိုတော့ ကီးဘုတ်ရဲ့အောက်မှာ ထည့်သွင်းပေးထားပြီး HD webcam နဲ့ မိုက်ခရိုဖုန်း ၂ လုံးလည်း ပါဝင်ပါတယ်။

USb port ကတော့ 2.0 တစ်ပေါက်နဲ့ 3.0 တစ်ပေါက်စီ ပါဝင်ပါတယ်။ HDMI ထွက်ပေါက် ၊ Wifi နဲ့ SD ကတ် ထည့်တဲ့နေရာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Atom ထက်ပိုကောင်းတဲ့ Intel Celeron processor နဲ့ သိုလှောင်ပမာဏကို 16GB ထည့်သွင်းပေးထားပါတယ်။ memory ကတော့ 2GB (သို့) 4GB နှစ်မျိုး ရရှိနိုင်ပါတယ်။

ဘက်ထရီသက်တမ်းကတော့ ၁၁.၅ နာရီ သတ်မှတ်ပေးထားပြီး ၁၉၂၀×၁၀၈၀ ရုပ်ထွက် ကြည်လင်ပြတ် သားမှုကိုထားပြီး အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီ သက်တမ်းက ၉နာရီသာ ခံမှာဖြစ်ပါတယ်။ဈေးနှုန်း ကိုတော့ ဒေါ်လာ ၂၅၀ မှ ဒေါ်လာ ၃၃၀ အထိ သတ်မှတ်ထားပြီး အောက်တိုဘာ ၅ ရက်နေ့မှာ စတင်ရောင်း ချမှာဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ