၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၁၆)လမ်းနေ ဦးနေ၀င်း(၅၀)နှစ်၏ နေအိမ်တွင် အိမ်သာကျင်း ပြုပြင်စဉ် တွင်းထဲသို့
ပြုတ်ကျပြီး လူလေးဦး သေဆုံးသွားကြောင်း ရဲဇာနည်သတင်း အရသိရသည်။
ပခုက္ကူမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ စစ်ဆေးချက်အရ နံနက် ၁၁ နာရီခွဲ အချိန် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ် ကွက်နေ ဦးရဲတင့်(၅၅)နှစ်၊ တစ်ရပ်တည်း နေသူများဖြစ်ကြသည့် ထွန်းနိုင် (၂၃)နှစ်နှင့် အောင်မင်းထွန်း (၁၇)နှစ် တို့သည် ဦးနေ၀င်း၏ နေအိမ်နောက်ရှိ အနက်(၁၅)ပေ၊ အချင်း ၂ ပေ ၁၀ လက်မရှိ အိမ်သာကျင်း
ဟောင်းအား အုတ်များဖြင့် ကျင်းခွေစဉ် ထွန်းနိုင်မှ ကျင်းနှုတ်ခမ်းတွင် ပိုက်တပ်ရာ ကျင်းအတွင်းသို့ ပြုတ် ကျသွား ကြောင်းသိရပါသည်။
ပြုတ်ကျသွားသူကို အောင်မင်းထွန်းမှ ဆယ်ယူရန်ပြုလုပ်စဉ် ထပ်မံပြုတ်ကျသဖြင့် ဦးရဲတင့်မှ ပတ်ဝန်းကျင် အား အကူအညီ တောင်းခဲ့ကြောင်း၊ အမှတ်(၁၁)ရပ်ကွက်နေ ၀င်းဇော်(၃၀)နှစ်နှင့် အမှတ်(၁၅)ရပ်ကွက်နေ
အောင်မိုးဦး(ခ)အောင်မျိုးထွန်း(၂၃)နှစ်တို့ ရောက်ရှိလာပြီး ဆယ်ယူရန်ကြိုးစားစဉ် ၂ ဦးစလုံး ထပ်မံပြုတ်ကျ သဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြား ခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်နေရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၀ိုင်းဝန်းဆယ်ယူခဲ့၍ ပခုက္ကူဆေးရုံ သို့ ပို့အပ်ခဲ့ရာ (၄)ဦးလုံး နှာခေါင်းမှ အမြှုပ်များထွက်ကာ သေဆုံး သွားခဲ့သောကြောင့် ပခုက္ကူမြို့မရဲစခန်း
သေမှုသေခင်း အမှတ်စဉ်(၁၂/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲဇာနည်သတင်း အရ သိရပါ သည်။
THIT HTOO LWIN

မှတ်ချက်များ