ထိုင်းနိုင်ငံမှ သင်္ချာပုံနှိပ်စာအုပ်၏မျက်နှာဖုံးတွင် နာမည်ကြီး အပြာမယ်တစ်ဦး၏ပုံ မှားယွင်းဖော်ပြ

ထိုင်းနိုင်ငံထုတ် သင်္ချာသင်ရိုး စာအုပ်၏ မျက်နှာဖုံး တွင် ပါရှိသည့် ဆရာမတစ်ဦး၏ ပုံသည် အမှန်စင်စစ်အား ဖြင့် နာမည်ကြီး အပြာမယ်တစ်ဦး ဖြစ်နေကြောင်း တွေ့ရှိခဲ့ရ သည့် အတွက် ပညာရေး ၀န်ကြီးဌာန အတွက် အရှက်ရ ဖွယ် ဖြစ်ခဲ့ကြောင်း သိရသည်။

သင်္ချာစာအုပ်၏ မျက်နှာဖုံးတွင် ပါရှိသူမှာ အမှန်စင်စစ် ဆရာမတစ်ဦးမဟုတ်ဘဲXXX အဆင့်ရှိဂျပန်အပြာဇာတ် လမ်းသရုပ်ဆောင် နာမည်ကြီးအပြာမယ် Mana Aoki  ဖြစ်နေသည်ကို မျက်စိလျင်သည့် ကျောင်းသား တစ်ဦးက စတင်သတိပြုမိခဲ့ သည်ဟု ဆိုသည်။

စာအုပ်ပုံနှိပ်ထုတ်ဝေသူကလည်း Costume Play Working Girl အမည်ရှိ ရုပ်ရှင်မှ ဓာတ်ပုံတစ်ပုံကို screenshot ၍ ယူထားခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ၀န်ခံခဲ့သည်။

အဆိုပါဓာတ်ပုံပါဝင်ကြောင်း သတိမပြုမိခင်က စာအုပ်ပေါင်း ၃၀၀၀ ခန့်ကို တက္ကသိုလ် ၁၀ ခုသို့ ပေးပို့ထား ပြီးဖြစ်သည်။ ယခုအခါတွင် အဆိုပါစာအုပ်များ ကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းလျက်ရှိပြီး မျက်နှာ ဖုံးအသစ်ဖြင့် ပြန်လည် ပုံနှိပ်ထုတ်ဝေလျက်ရှိသည်ဟု သိရသည်။

စည်သူကျော်စွာ | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ