![]() |
| ဓါတ်ပုံ - တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်း - သဘာဝခေါ်သံဖောင်ဒေးရှင်း |
ပျောက်ဆုံး တောင်တက်သမား နှစ်ဦးကို ကူညီ ကယ်ဆယ်ရန် တရုတ် တောင်တက်အဖွဲ့က ရဟတ် ယာဉ်ဖြင့် တောင်ပေါ်တက်ပြီး မြေ ပြင်ဆင် ရှာဖွေရန် စီစဉ်ထားကြောင်း သိရသည်။
ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေသည့် မြန်မာနိုင်ငံ သားတောင်တက်သမားနှစ်ဦးကို ကူညီရှာဖွေရန် ရောက်ရှိလာသည့် တရုတ်နိုင်ငံမှ Blue Sky တောင် တက်အဖွဲ့သည် ၄င်းတို့အဖွဲ့အနေ ဖြင့် ရေခဲတောင်သို့တက်ရောက် ရှာဖွေရန်အခက်အခဲများရှိနေသည် ဟုပူတာအိုမြို့ရှိ ထူးဖောင်ဒေးရှင်း တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်အပြီးတွင် ပြောကြားခဲ့ ကြောင်း၊ ၄င်းတို့အနေဖြင့် တောင် ပေါ်သို့ ရဟတ်ယာဉ်များဖြင့် သွား ရောက်ပြီး မြေပြင်သို့ဆင်းကာ ရှာဖွေရန် စီစဉ် ထားကြောင်း၊ Base Camp တွင် ရှာဖွေနိုင်သော်လည်း ခြေလျင်ခရီးဖြင့် ရေခဲတောင်သို့ တက်ရောက်ရ မည် ဖြစ်သဖြင့် ၄င်းတို့အတွက် အခက်အခဲများရှိနေ ကြောင်း ပြောကြားခဲ့သည်ဟု သိရ သည်။
ထို့အပြင် ဒေသရာသီဥတုမှာ တိမ်ထူပြီး မြူများဆိုင်းနေသဖြင့် မြင်နိုင်စွမ်းလွန်စွာအားနည်းနေ ကြောင်း၊ ထို့ပြင် မိုးရွာသွန်းနေမှု ကလည်း ရဟတ်ယာဉ်ဖြင့် ရှာဖွေ ရေးလုပ်ငန်းများကို အခက်အခဲ ဖြစ်နေကြောင်း လည်း သိရသည်။
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် ရှေ့တန်းကယ်ဆယ် ရေးစခန်းကို ခါကာဘိုရာဇီတောင်နှင့်အနီး ဆုံးရွာဖြစ်သည့် တဟွန်ဒန်း ရွာထိ ရွှေ့ပြောင်းလျက်ရှိပြီး ကယ် ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေး ပစ္စည်း များကိုပူတာအိုမှ ပန်နန်းဒင် သို့အလုံးစုံရွှေ့ပြောင်းကာ နိုင်ငံ တကာအဆင့်ရှာဖွေ ကယ်ဆယ် ရေးအဖွဲ့များ ကို ဆက်သွယ်ခေါ်ယူ လျက်ရှိကြောင်း သိရသည်။
ကေအေ | The Union Daily

မှတ်ချက်များ