![]() |
| ရှန်ဟဲမြို့မှာ ၂၀၁၃ ဖေဖော်ဝါရီလက တွေ့ရတဲ့ တရုတ်စစ်တပ် တပ်ရင်းအမှတ် ၆၁၃၈၉။ ဒီတပ်ရင်းဟာ ဆိုင်ဘာတိုက်ခိုက်မှုတွေမှာ တာဝန်ရှိတယ်လို့ အမေရိကန် ကွန်ပြူတာလုံခြုံရေး ကုမ္ပဏီတခုက ပြောပါတယ်။ (Photo: Reuters) |
တော်ကော်မတီတခုက စုံစမ်း တွေ့ရှိခဲ့ပါတယ်။
အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့ရေးရာက ဒီအကြောင်း မတ်လမှာ အစီရင်ခံခဲ့တာပါ။အများသိ
အောင်တော့ ဗုဒ္ဓဟူးကမှ ထုတ်ပြန်ပါတယ်။တနှစ်အတွင်း အကြိမ် ၂ဝ လောက် နှောက်ယှက်တဲ့ထဲက အမေရိကန်စစ်ဘက်ဌာနတခုက သတိပြုမိတာကတော့၂ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုမှာ ထပ်တွေ့ရတာ တခုကတော့ အမေရိကန် အစိုးရဌာနတွေအချင်းချင်း အချက်အ လက်ဝေမျှမှု အားနည်းနေတယ်၊ အစီရင်ခံဖို့ လိုအပ်နေတယ် ဆိုတာပါပဲတဲ့။
အမေရိကန်စစ်ဘက်ကလည်း သူ့ကို ၀န်ဆောင်မှု ပေးနေတဲ့ ကွန်ပြူတာကုမ္ပဏီတွေရဲ့အနေအထားကို သတိမပြုမိဘူးလို့ ဆိုတယ်။
ဒီလို ထိုးထောက်တာတွေဟာ တရုတ်ရဲ့ အင်တာနက်ရန်လိုမှုကို ပြသနေတာပဲလို့ အထက်လွှတ်တော် လက်နက်ကိုင်အဖွဲ့ရေးရာ ကော်မတီ ဥက္ကဋ္ဌ မစ်ရှီဂန်ပြည်နယ် အမတ်မင်း Carl Levin က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ ပြောပါတယ်။
ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးအရာရှိများကတော့ ချက်ချင်း တုန့်ပြန်ခြင်း မရှိသေးပါ။
အမေရိကန် စစ်ဘက်နဲ့ ဝန်ဆောင်မှုပေးတဲ့ ကွန်ပြူတာကုမ္ပဏီတွေက ဟက်ကာတွေရဲ့ ထိုးဖောက်မှုရန်ကို တင်ကြိုကာကွယ်နိုင်တဲ့ အစီအစဉ်တွေ မလုပ်ထားခဲ့မိဘူးလို့ ဆိုတယ်။
မေလတုန်းကလည်း အမေရိကန် အာဏာပိုင်တို့က တရုတ်စစ်ဘက်အရာရှိ ၅ ဦးကို နျူကလီးယား၊ သတ္ထု၊
နေစွမ်းအင်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ ခိုးယူမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာလည်း တရုတ်ဟက်ကာတွေ အမေရိကန်ဆေးရုံလုပ်ငန်းစုတခုရဲ့ကွန်ရက်ကို ဖောက်ထွင်းပြီး လူနာ လေးသန်းခွဲဝန်းကျင်ရဲ့ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီ
.jpg)
မှတ်ချက်များ