ဘုရားကျောင်းမှ မျောက်တစ်ကောင် သေဆုံးမှုအတွက် အိန္ဒိယရွာသား ၂၀၀ ခန့် ခေါင်းတုံး၍ ၀မ်းနည်းမှုအထိမ်းအမှတ် ပြုလုပ်

အိန္ဒိယနိုင်ငံ မက်ဒ်ယာပရာဒေ့ရှ် ပြည်နယ်အလယ်ပိုင်း ဒါကာချအာ ကျေးရွာရှိ ဟိန္ဒိုဘုရား ကျောင်းတွင်နေ
ထိုင်သော မျောက်နှစ်ကောင် အ နက် တစ်ကောင်မှာ ခွေးတစ်ကောင်က လိုက်ကိုက်ရာမှ ရေနစ် သေဆုံး သွားခဲ့သောကြောင့် အဆိုပါ ရွာတွင် နေထိုင်သူ ၂၀၀ ခန့် သည် ခေါင်းတုံး ၍ ၀မ်းနည်း ခြင်းအထိမ်း အမှတ် အဖြစ် ပြုလုပ်ခဲ့ကြသည်ဟု စက်တင် ဘာလ ၁၈ ရက်က ဘီဘီစီ သတင်း တစ်ရပ် တွင် ဖော်ပြထားသည်။


အဆိုပါ မျောက်သည် ခွေးလိုက်ရာမှ ထွက်ပြေးစဉ် ရေကန်အတွင်းသို့ ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ် သည်။

မျောက်သေဆုံးမှုသည် ၎င်းတို့ အတွက် မကောင်းသောကံများ ကြုံတွေ့ရမည်ကို စိုးရိမ် သဖြင့် ရွာသားများ က မျောက်အား အသုဘ အခမ်းအနား ပြုလုပ်၍ မီးသဂြိုလ်ခဲ့ကြခြင်း ဖြစ်သည်။ အခြားရွာသား ၇၀၀ ခန့်က လည်း ၎င်းတို့၏ မုတ်ဆိတ်များကို ရိတ်ခဲ့ကြသည်။

မျောက်များကို ဟိန္ဒူဘာသာဝင်များက အထွတ်အမြတ် ထားကြပြီး အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ ဟိန္ဒူဘုရား
ကျောင်းများ တွင် မျောက်မင်း ဟာနုမာန်ရုပ်တုများ ကို ပူဇော် ထုလုပ်ထားကြသည်။


ဟာနုမာန်မျောက်မင်းကို လူ့ခန္ဓာကိုယ်၊ အနီရောင် မျောက်တစ်ကောင်၏ မျက်နှာနှင့် အမြှီးတို့ဖြင့် ဖော်ကြူး ထားပြီး ယုံကြည် ကိုးကွယ်သူများက ၀တ်ပြုဆုတောင်းခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုနှင့် အန္တရာယ်များမှ လွတ်မြောက်စေသည်ဟု ယူဆထားကြသည်။

အဆိုပါ မျောက်သည် စက်တင်ဘာ ၂ ရက်က ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး ရွာသားများက အလောင်းကို
နောက်တစ်ရက်တွင် ဆယ်ယူနိုင်ခဲ့သည်။

mizzima

မှတ်ချက်များ