![]() |
| ၂၀၁၂ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတွင် ဆုရရှိကြသူများကို တွေ့ရစဉ်။ |
"အကယ်ဒမီ အတွက် ဒုတိယအဆင့် အကဲဖြတ် ကြည့်ရှုမှု ကလည်း ပြီးသလောက် ဖြစ်နေ ပါပြီ၊ ဒီဇင်ဘာလ ၂၇ ရက်ကို ရွေးလိုက် တာကလည်း အဲဒီရက်က စနေနေ့လည်း ဖြစ်တယ်။ နေ့ကောင်း ရက်သာလည်း ကျတဲ့ အတွက် ရွေးလိုက် တာပါ"ဟု ၄င်းက ပြောသည်။ ယင်း အကယ်ဒမီ ဆုချီးမြှင့်ရန် အတွက် စင်မြင့် တည်ဆောက်မှုနှင့် အကယ်ဒမီ ဗန်းကိုင်များ ရွေးချယ်မှု များကို အောက်တိုဘာ လတွင် လုပ်ဆောင် သွားမည်ဟု ဦးအေးကြူလေးက ပြောသည်။
၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲ အတွက် ၂ဝ၁၃ ခုနှစ် အတွင်း၌ ရုံတင် ပြသခဲ့သည့်"ဇာတ်လမ်းဟောင်း တွေရှိခဲ့ရင်၊ ပြုံးပြုံး ပျော်ပျော် ထော်လော် ကန့်လန့်၊ စေတန်ရဲ့ ကချေသည်၊ အလန်းဇယား- ၂၊ နင်စေရင်၊သေးသေးလေး ပဲလား ကြီးကြီးလား၊ ကြယ်စင်မော်ကွန်း၊ ဟတ်ကော့၊ လူရွှင်တော် အိပ်မက်၊ ဆယ့်နှစ်နာရီ သတို့သား၊ စုန်းပြူး၊ ရက်စ်ဘော့စ်၊ အဖြူရောင် ရဲတိုက်၊ အမိုက်စား၊ ကိုယ့်အထာ နှင့်ကိုယ်" ဇာတ်ကားများ ထဲမှ"စုန်းပြူး ၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော် ကွန်း၊ အဖြူရောင် ရဲတိုက်၊ နင်စေရင်၊ ကိုယ့်အထာနဲ့ ကိုယ်"ဇာတ်ကား ခြောက်ကားကို နောက်ဆုံး ဆန်ခါ တင် ဇာတ်ကားများ အဖြစ် ရွေးချယ်ကာ အကယ်ဒမီ ထူးချွန်ဆုများ ပေးအပ် ချီးမြင့်သွားမည်ဟု ဦးအေး ကြူလေးက ပြောသည်။
မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပထမအဆင့် စိစစ် အကဲဖြတ်ရေး အဖွဲ့မှ ဇူလိုင်လတွင် ဇာတ်ကားများ ကြည့်ရှု ခဲ့ကြပြီး ဆန်ခါတင် ဇာတ်ကား ခြောက်ကား ကို ရွေးချယ် ပေးခဲ့သည်။ ယင်း ဇာတ်ကား ခြောက်ကားကို မြန် မာ့ ရုပ်ရှင် ထူးချွန်ဆုများ ဒုတိယအဆင့် စိစစ် ရွေးချယ်ရေး အဖွဲ့သည် သြဂုတ် ၁၈ ရက်က စတင် ကြည့်ရှု အကဲဖြတ် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ၁၉၅၂ ခုနှစ် မှ စတင်ချီးမြှင့် ခဲ့ ပြီး ၁၉၅၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ရန်ကုန် မြို့ မြို့တော်ခန်းမ၊ ဝိဇယ ရုပ်ရှင်ရုံ၊ ရုပ်ရှင် မြှင့်တင်ရေး၊ စက်မှု အထက်တန်းကျောင်း၊ ရုပ်ရှင်ပြဇာတ် အစည်းအရုံး၊ ဂျူဗလီဟောဝင်း၊ မြန်မာ့အသံ မြက်ခင်းပြင်၊ လဟာပြင် ကဇာတ်ရုံ၊ နဝဒေး ရုပ်ရှင်ရုံ၊ အမျိုးသား ကဇာတ်ရုံနှင့် သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံ တို့၌ ကျင်းပ ခဲ့သည်။
၂ဝဝ၅ ခုနှစ်မှ စပြီး နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ၂ဝ၁၁ ခုနှစ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲနှင့် ၂ဝ၁၂ ခုနှစ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲ များကို သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံ၌ ပြန်လည် ကျင်းပခဲ့သည်။
မြင့်မြင့်စိုး | mizzima

မှတ်ချက်များ