လေထုညစ်ညမ်းမှုကြောင့် မြို့ပြနေ လူငယ်များ၏ ဦးနှောက်အန္တရာယ်ရှိ

မြို့များတွင် နေထိုင်ကြသော ကလေးငယ်များသည် လေထုညစ်ညမ်းမှုကြောင့် ဇရာကြိုရောဂါ(အယ်လ်ဇိုင်း မား) သို့မဟုတ် ပါကင်ဆန်ရောဂါတို့ အပါအ၀င် အာရုံကြောထိခိုက်မှုနှင့် ဦးနှောက်ရောင်ရမ်းမှု အန္တရာယ် ပိုများကြောင်း သိရသည်။

လေထုထဲတွင် ပါဝင်သည့် ညစ်ညမ်းသေးငယ်သော အရာများနှင့် သတ္တုများကဲ့သို့ အခြားပါဝင်သော အရာ များကို ရှူသွင်းမိခြင်း (သို့မဟုတ်) မျိုချမိခြင်းကြောင့် အသက်ရှူလမ်းကြောင်း၊အစာအိမ်နှင့် အူလမ်းကြောင်း ၊ ဦးနှောက်သို့ စီးဆင်းသော သွေးကြောဆိုင်ရာ အတားအဆီးများကို ပျက်စီးစေပြီး ရေရှည်အန္တရာယ်ရှိသော ဆိုးကျိုးများဖြစ်စေနိုင်ကြောင်း မွန်တာနာတက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

သုတေသီများက လေထုညစ်ညမ်းမှုနည်းပါးသော မြို့တစ်မြို့တွင် နေထိုင်သည့် ကလေးငယ် ၅၈ ဦး၏ ဦးနှောက်နှင့် ကျောရိုးဆိုင်ရာ အရည်ကြည်များနှင့် သွေးရည်ကြည်များကို မက္ကဆီကိုစီးတီးမြို့တွင် နေထိုင်
သောကလေး ၈၁ ဦး၏ အခြေအနေများနှင့် နှိုင်းယှဉ်ကာ အသက်အရွယ်၊ ယောက်ျား၊ မိန်းမ၊ လူမှုစီးပွားရေး အခြေအနေ၊ ပညာသင်ယူမှုနှင့် မိဘများ၏ ပညာရည်အဆင့်တို့ အလိုက်လေ့လာခဲ့သည်။

မက္ကဆီကိုစီးတီးမြို့တွင် နေထိုင်သော ကလေးငယ်များသည် လေထုထဲတွင် ပါဝင်သော ညစ်ညမ်းပစ္စည်း များကို အလိုအလျောက်ဆန့်ကျင်သော ပဋိပစ္စည်းပါဝင်မှု မြင့်မားနေကြောင်း သုတေသီများ စစ်ဆေးတွေ့ ရှိခဲ့သည်။

ယင်းမှာ ဦးနှောက်ကို ကာကွယ်ပေးထားသည့် အတားအဆီးများတွင် ပျက်စီးမှုဖြစ်နေသော လက္ခဏာဖြစ် သည်ဟု သုတေသီများက ပြောသည်။

လေထုညစ်ညမ်းသော နေရာများတွင် အမြဲမပြတ်နေထိုင်ရသူများသည် ယင်းကဲ့သို့ အတားအဆီးများအား လုံး တဖြည်းဖြည်း ပျက်စီးသွားကာ အသက်အရွယ်ကြီးရင့်လာချိန်တွင် သိသာထင်ရှားသော ဆိုးကျိုးများ ခံစားရနိုင်ကြောင်း သိရသည်။

7day



မှတ်ချက်များ