ဆီရာလီယွန်နိုင်ငံမှာ အီဘိုလာရောဂါ ထိန်းချုပ်ရေး အ စီအစဉ်တခုအနေနဲ့ ဒီလနှောင်းပိုင်းကျရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အိမ်ထဲကနေ အိမ်အပြင်မထွက်ရ ၃ ရက်သတ်မှတ်ထားတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန က အရာရှိတယောက်က စက်တင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုပါတယ်။
ဒါပေမယ့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက် အက်ဖ်) က ဒီ အစိအစဉ်က ရောဂါ ထိန်းချုပ်ရေးအ တွက် အထောက်အပံ့ဖြစ်စေမှာ မဟုတ်ရုံမက ရောဂါကို ဖုံးဖိတာကြောင့် ပိုတောင် ဆိုးသွားနိုင်တယ်လို့
ပြောပါတယ်။
ဆီရာလီယွန် ပြန်ကြားရေးဝန်ကြီးက အိမ်အပြင်မထွက်ရ အစီအစဉ်ဟာ ပြည်သူတွေ ဘေးကင်းရေးအ တွက် ဖြစ်တယ်လို့ ခုခံပြောဆိုပါတယ်။ ၃ ရက်ကြာ အိမ်အပြင်မထွက်ရ အစီအစဉ်ကြောင့် ကျန်းမာရေး လုပ်သမားတွေဟာ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို စိစစ်ရတာ လွယ်ကူသွားစေမယ် လို့ ပြောပါတယ်။
အီဘိုလာ ရောဂါဟာ မတ်လက ဂီနီ နိုင်ငံမှာ ပထမဆုံး တွေ့ခဲ့ပြီိး လိုက်ဘေးရီးယား၊ ဆီရာလီယွန်၊ နိုက်ဂျီး ရီးယား၊ ဆီနီဂေါတို့မှာ အခုအထိ လူပေါင်း ၂၁၀၀ သေဆုံးခဲ့ပြီလို့ ကုလသမဂ္ဂ ပြောပါတယ်။
၆ လကြာ ရောဂါကပ်ဘေး ထိန်းချုပ်ရေးမှာ ကျန်းမာရေး စနစ်တွေရဲ့ အားနည်းချက်တွေကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနေပြီး ကမ္ဘာအဆိုးဆုံးရောဂါ ကပ်ဘေးတွေထဲက အဆိုးဆုံး စာရင်းဝင်ဖြစ်လာပါတယ်။
DVB

မှတ်ချက်များ