အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်နေသည့်သတင်းကြောင့် သတိထားသွားလာရန် ဌာနဆိုင်ရာဝန်ထမ်းများအား ညွှန်ကြား


အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက် နေသည့်သတင်းကြောင့် သတိ ထားသွားလာကြရန် ဌာနဆိုင် ရာ ဝန်ထမ်းများအား မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က စက်တင်ဘာ ၅ ရက်တွင် ညွှန် ကြားချက်ထုတ်ပြန်ပြီး ဌာနဆိုင် ရာများသို့ ဖြန့်ဝေပေးထားကြောင်း သတင်းရရှိသည်။

‘‘ဌာနဆိုင်ရာတွေကို ညွှန် ကြားချက်ထုတ်တာတော့ ကျွန် တော်တို့လည်းကြားမိပါတယ်။ လက်ရှိမှာတော့
မောင်တောနယ် စပ်လုံခြုံရေးကို အရင်ကထက် တင်းကျပ်ထားတာ တွေ့ရပါ တယ်။ မြို့ပေါ်နဲ့ နယ်တွေ မှာ တော့ လူတွေက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပါတယ်။ တိုင်းရင်းသားတွေလည်း တိုင်းရင်း သားတွေအလျောက်၊ ဘင်္ဂါ လီတွေလည်း ဘင်္ဂါလီတွေ အလျောက် သွားလာနေကြတာပါ ပဲ’’ဟု မောင်
တောမြို့ခံတစ်ဦးက ပြောသည်။

ညွှန်ကြားချက်တွင် ဘင်္ဂ လားဒေ့ရှ်နှင့် မောင်တောနယ်စပ် ၌ အကြမ်းဖက်လှုပ်ရှားနေသည့် အာရ်အက်စ်အို (RSO)လက်နက် ကိုင်အဖွဲ့များက ဌာနဆိုင်ရာဝန် ထမ်းများကို အဓိကထားတိုက် ခိုက်ရန် သတင်းများ ထွက်ပေါ်နေ ၍ ဌာနဆိုင်ရာဝန်ထမ်းများကို ယခင်ထက်သတိထားသွားလာ ရန်နှင့် သွားရောက်မည့်နေရာ ကို သက်ဆိုင်ရာဌာနဆိုင်ရာ အကြီး အကဲများနှင့် လုံခြုံရေးတပ်ဖွဲ့ များသို့ အသိပေးထားရန် လိုအပ်
ကြောင်းဖော်ပြထားသည်။

မောင်ကံ | 7day


မှတ်ချက်များ