
အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့သည့် ဆီးရီးယားနိုင်ငံမှ IS စစ်သွေးကြွများက အသက် ၄၄ နှစ်အရွယ် ဟိုင်းနန့်စ်ကိုလည်း ခေါင်းဖြတ်မည်ဟု ခြိမ်းခြောက်ထားသည်။
ဒရာဂါနာဟိုင်းနန့်စ်က “ကျွန်မ သမီးလေးက လေးနှစ်ပဲ ရှိပါသေးတယ်။ အခြေအနေမှန်ကို မသိသေးပါ ဘူး။ သူ့အဖေ ပျောက်နေတယ်ဆိုတာ သူ့ကို ကျွန်မ တို့ ပြော မထားဘူး။ သူ့အန္တရာယ်ကင်းနေရင် ကျွန်မတို့ ပျော် ရွှင်တာပါပဲ” ဟု ပြောကြားသည်။
“သမီးလေးကတော့ သူ့အဖေကို နေ့တိုင်းမေးပါတယ်။ မတွေ့တာလည်း တစ်နှစ်ခွဲလောက်ရှိသွား ပြီလေ။ သူ့ကို ကြည့်ပြီး ကျွန်မနေ့တိုင်း ငိုနေရပါတယ်” ဟု ဒရာ ဂါနာက ပြောကြားသည်။
ဟိုင်းနန့်စ်တို့ နေထိုင်သည့် ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့အနီးရှိ နေအိမ်တွင် နေထိုင်သည့် ဒရာဂါနာ က “ဒေးဗစ်ဟာ ကျွန်မတို့ရဲ့ ဘ၀ပါ။ သူဟာ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်သလို ဖခင်ကောင်း တစ်ယောက် လည်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။
ပထမအိမ်ထောင်နှင့် အသက် ၁၇ နှစ်အရွယ် သမီးတစ်ဦးရှိသူ ဒေးဗစ်သည် အရှေ့ယော့ရှိုင်းယား ပြည်နယ် တွင် မွေးဖွားခဲ့ပြီး စကော့တလန် ဒေသ ပါ့သ်မြို့တွင် ကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။
ဘော်လ်ကန်စစ်ပွဲများဖြစ်ပွားပြီးနောက် မွတ်စလင်မိသားစုများအပါအ၀င် ဒေသခံများ အားအကူအညီ
ပေးခြင်း အိမ်များ၊ ကျောင်းများ ဆောက်လုပ်ပေးခြင်းစသည့် လုပ်ငန်းများကို ငါးနှစ်ခန့် လုပ်ကိုင် ပေးပြီး ခရိုအေးရှားသို့ ရွှေ့ပြောင်းလာခဲ့သည်။
ဟိုင်နန့်စ်သည် ဆီးရီးယားနိုင်ငံတွင် ACTED အကူအညီပေးရေးအဖွဲ့အတွက် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ACTED အဖွဲ့က “ဒေးဗစ်ကို အကြမ်းဖက်ပြီး ခြိမ်းခြောက်တဲ့အပေါ်မှာ ရှုတ် ချပါတယ်။ လူသားချင်းစာနာထောက်ပံ့မှု အကူအညီ လုပ်ပေးနေတဲ့သူတစ်ဦးကိုတော့ အသက်အန္တရာယ်
ဖြစ်အောင် မလုပ်သင့်ပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။
အောင်ခင် | mizzima
မှတ်ချက်များ