မြန်မာ့စပါးကြီး တနင်္ဂနွေနေ့မှာမင်္ဂလာဆောင်ပါပြီ


မြန်မာ့စပါးကြီး Aung La Nsang တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်လိုက်ပါပြီ။ သတို့သမီးကတော့ Katherine Oliphant ဖြစ်ပါတယ်။

တိမ်ပြာပြာ နေ့တနေ့၊ နေသာတဲ့နေ့ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ ကျင်းပတဲ့ မင်္ဂလာပွဲမြင်ကွင်း ၆ မိနစ်စာ ရုပ်သံဖိုင်ကို ဒီစာ အဆုံးမှာ ထည့်ထားပါတယ်။

မင်္ဂလာပွဲမတိုင်ခင် တပတ်အလိုမှာ မိုးလေ၀သ ဌာနက ခန့်မှန်းခဲ့တာကတော့ ပွဲနေ့မှာ မိုးရွာနိုင်ချေ ရှိတယ် ဆိုတာပါပဲ။ အဲဒီနေ့ တခြားအချိန် ရွာချင်လည်း ရွာခဲ့ပါလိမ့်မယ်။ရုပ်သံထဲမှာတော့ပွဲကျင်းပချိန်နေသာ လျက်ပါ။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က မင်္ဂလာပွဲမြင်ကွင်းဓာတ်ပုံတချို့ကို ရုပ်သံကနေ ကူးယူ
ဖော်ပြလိုက်ပါတယ်။









မှတ်ချက်များ