ရုပ်သံမှာ ပါဝင်တဲ့ KIA အရာရှိက သူတို့နဲ့ ဒီကိုယ် စားလှယ်အဖွဲ့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိပါ ဘူးလို့ ပြောဆိုကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သ တင်းတပုဒ် KIA Officer Denies Report of
Rohingya Training in Kachin Rebel Area
မှာ ရေးထားပါတယ်။
http://www.irrawaddy.org/burma/kia-officer-denies-report-rohingya-training-kachin-rebel-area.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ အနည်းငယ် ကောက်နုတ်ရရင်တော့
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းကို KIA ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားခွင့်ပြုရေး တောင်းဆိုတာကို စကားဝိုင်းမှာ ကြားရပါမယ်။
ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး စဉ်းစားမယ်၊ အကြောင်းပြန်မယ် ဆိုပြီး KIA အရာရှိက တုန့်ပြန်ပါတယ်။
ဒီစကားဝိုင်းမှာ အဓိက စကားပြောသူ ၂ ဦးကို ဧရာဝတီက ဒီကနေ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
၂ ဘက်စလုံးကတော့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ အကြောင်းပြန်ကြပါတယ်။
Burmese Rohingya Association of Thailand အဖွဲ့ ခေါင်းဆောင် မောင်ကျော်နုက သူတို့အနေနဲ့ ငြိမ်းချမ်း စွာအဖြေရှာတဲ့နည်းလမ်းကို လိုလားတယ်၊ ဒီနည်း အလုပ်မဖြစ်ရင်တော့ လက်နက်ကိုင်တော်လှန်ရေးအ တွက် KIA နယ်မြေကို သွားကောင်း သွားမယ် လို့ ဆိုပါတယ်။
ဧရာဝတီ
.jpg)
မှတ်ချက်များ