နေမျက်နှာပြင်ပေါက်ကွဲမှုကြောင့်ရက်ပိုင်းများအတွင်း ကမ္ဘာမြေကိုနေမုန်တိုင်း ရိုက်ခတ်လာမည်
နေမျက်နှာပြင်ပေါ်၌ ဖြစ်ပေါ်နေသော ပေါက်ကွဲမှုကြီးနှစ်ရပ်ကြောင့်အင်အားအသင့်အတင့်ရှိသည့် သို့မ ဟုတ် အင်အားပြင်းထန်ဖွယ်ရှိသည့် ဘူမိသံလိုက်မုန်တိုင်းတစ်ခု လာမည့်ရက်များအတွင်း ကမ္ဘာဂြိုဟ်ကို ရိုက်ခတ်လာမည်ဖြစ်ရာ ရေဒီယိုနှင့် ဂြိုဟ်တုဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားနိုင်ကြောင်းစက် တင်ဘာ ၁၁ ရက် သတင်းများ၌ ဖော်ပြထားသည်။
နေမျက်နှာပြင်ပေါက်ကွဲမှုများကြောင့် ပေါ်ထွက်လာမည့် ဘူမိသံလိုက်စက်ကွင်းမုန်တိုင်းသည် ပြင်းအား အဆင့် ဂျီ-၂ သို့မဟုတ် ဂျီ-၃ အထိရှိနိုင်ကြောင်းအမေရိကန်ပြည်ထောင်စုအမျိုးသား သမုဒ္ဒရာနှင့် လေထု လွှာစီမံခန့်ခွဲရေးအေဂျင်စီ အာကာသရာသီဥတုခန့်မှန်းရေးဌာနက ပြောကြားသည်။
စက်တင်ဘာ ၈ ရက်နှင့် ၁၀ ရက် တို့တွင် ပေါ်ပေါက်ခဲ့သော နေမျက်နှာပြင်ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ် လာမည့် နေမုန်တိုင်းသည် ဆက်သွယ်ရေးစနစ်များနှင့်ဓာတ်အားလိုင်းစနစ်များကို အနှောင့်အယှက်ပေး
နိုင်သော်လည်း လူသားများအတွက် မည်သည့်အန္တရာယ်မျှမပေးနိုင်ကြောင်း သိရသည်။
နေပေါက်ကွဲမှုများဖြစ်ပေါ်နေသော အေအာရ် ၂၁၅၈ အမည်ရှိနေမျက်နှာပြင် ဧရိယာ၏ အရွယ်အစားသည် ကမ္ဘာမြေထက် ၁၀ ဆပိုမိုကြီးမားပြီးနေပေါက်ကွဲမှုများပေါ်ပေါက်စေရန် စွမ်းအင် များထုတ်လွှတ်ပေးနေ သည့်ဒေသဖြစ်သည်။
ှ
နေပေါက်ကွဲမှုဖြစ်စဉ်၏နောက်ဆက်တွဲ ဘူမိသံလိုက်စက်ကွင်းမုန်တိုင်းကမ္ဘာဂြိုဟ်သို့ရိုက်ခတ်မည့်အရေး
ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းစနစ်စီမံခန့်ခွဲသူများနှင့် ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီတို့ကို အမေရိကန်အစိုးရကအသင့်ပြင်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
AFP

မှတ်ချက်များ