ရည်းစားစကားပြောသည်ကို ငြင်းပယ်၍ ရှစ်တန်းကျောင်းသူကို ရေနှစ်သတ်


ရည်းစားစကားလိုက်လံပြောဆိုရာ ငြင်းပယ်ခံရသည်ကိုမကျေနပ်၍ ကျောင်းသူတစ်ဦးကို ရေနှစ်သတ်သော အမှုတစ်ခုတောင်ငူမြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

တောင်ငူမြို့နယ်လယ်ဘူ ကျေးရွာအုပ်စုအတွင်းစက်တင်ဘာ ၁၂ရက် ညနေ ၄နာရီခန့်က ကျောင်းမှနေအိမ် သို့ပြန်လာသော အသက်(၁၃)နှစ်အရွယ်အဋ္ဌမတန်းကျောင်းသူတစ်ဦးကို အသက်(၂၄)နှစ်အရွယ်အမျိုး သားတစ်ဦးက လမ်းတွင် ရည်းစားစကားလိုက်လံပြောဆိုခဲ့သည်။ထို့နောက် ကျောင်းသူကလက်မခံဘဲဆဲ ဆိုကာ ငြင်းဆန်ခဲ့၍ ၎င်း အမျိုးသားကဒေါသတကြီးဆဲဆို ၍ ရေမြောင်းထဲသို့ ဆွဲခေါ်ပြီးငါး မိနစ်ကြာရေနှစ် သတ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကောင်မလေးက ကျောင်းကပြန်လာတာ။ ကျူးလွန်တဲ့သူက ရည်းစားစကားလိုက်ပြောတာကို ကောင် မလေးက ဆဲဆိုပြီးပါးရိုက်တယ်။ ဖအေမအေနဲ့လည်း ဆဲတော့ ဟိုလူကတင်းသွားပြီးရေ ထဲဆွဲနှစ်သတ်ခဲ့ တာ။ညတွင်းချင်း ဖမ်းမိပါတယ်။ မျက်မြင်သက်သေ တွေက စခန်းကိုအကြောင်းကြား ခဲ့တာ’’ဟုတောင်ငူအ မှတ်(၂)ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ကျူးလွန်သူကို အမှတ်(၂) ရဲစခန်းတွင် လူသတ်မှုပုဒ်မဖြင့်အမှုဖွင့် ဖမ်းဆီးထားကြောင်းသိရသည်။ သေဆုံး သူကျောင်းသူမှာတောင်ငူမြို့အထက(၂)ကျောင်းတွင် တက်ရောက်လျက်ရှိပြီးတောင်ငူ မြောက်ပိုင်းတက္က သိုလ်ကျောင်းဝင်းအတွင်း နေထိုင်သူဖြစ်သည်။

‘‘သူ့အစ်ကိုက လာကြိုနေ ကျ။ ဆိုင်ကယ်ပျက်လို့သူတစ် ယောက်တည်းလမ်းလျှောက်ပြန် လာတာ။ အိမ် နဲ့ကျောင်းနဲ့က သုံးမိုင်လေးမိုင်လောက်ဝေးတယ်’’ ဟု ၎င်းကဆက်လက်၍ပြောသည်။

‘‘ကျွန်တော်က အဲဒီညနေက လယ်ထဲသွားတော့ လမ်းပေါ်မှာ လူပြတ်နေလို့ကောင်မလေးဘယ် သွားမလို့ လဲမေးတော့ သူကပြန်မ ပြောဘူး။ ကျွန်တော်လည်းလယ်ထဲဆင်းသွားခဲ့တာ။ ခဏနေတော့ ကောင်မလေး အသံကြားလို့ ကြည့်လိုက်တာ လမ်းပေါ်မှာ ကောင်လေးတစ်ယောက်နဲ့ဆွဲလား ရမ်းလား ဖြစ်နေလို့သွား
တော့ရေထဲမှာ နစ်ပြီးလဲနေပြီ။တရားခံကိုကျွန်တော်တို့ပဲလိုက် ဖမ်းခဲ့တာ’’ဟု လဲဘူးကျေးရွာနေ ဦးထွန်း ခိုင်ကပြောသည်။

သေဆုံးသူအလောင်းကို တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ထားပြီးစစ်ဆေး ဆောင်ရွက်လျက်ရှိ သည်။ အခင်း ဖြစ်ပွားရာရေမြောင်းသည် အ ကျယ် ၁၀ပေနှင့် အနက် ၄ပေခန့် သာရှိကြောင်းသတင်းရရှိ သည်။

7Day

မှတ်ချက်များ