ခင်ပွန်းသည်ရဲ့ မနာလိုစိတ်ကြောင့် ကလေးနှစ်ဦးနဲ့ မုဆိုးမဖြစ်သွားရတဲ့ တရုတ်အမျိုးသမီး
တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်းပြည်နယ်ရှင်းရှန်းမြို့မှဒူဆိုသည့် အသက် ၃၃ နှစ် အရွယ် ဇနီးဖြစ်သူက အခြားအမျိုးသားတစ်ဦးနှင့် အိမ်အနီးလမ်းမတစ်ခုပေါ်တွင် နေ့ခင်းအချိန်က လျှောက်လာစဉ် အဆိုပါအမျိုး သမီး၏ ခင်ပွန်းဖြစ်သူ အသက် ၃၉ နှစ်အရွယ် ကျင်ဟန်ဆိုသူက ကျောက်ဆိုသူ အဆိုပါ အမျိုးသားအား မနာလိုမသင်္ကာဖြစ်ပြီး ဓားဖြင့် ထိုးခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဇနီးသည်က အဆိုပါ အမျိုးသားနှင့်ပါ ကြိတ်ပုန်းခုတ်နေသည်ဟု ကျန်ဟန်က သံသယဖြစ်ခဲ့ပြီး ဒေါသထွက် ကာ ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကျင်ဟန်နှင့်ဒူတို့လင်မယားတွင် ကလေးနှစ်ဦးရှိပြီး အဆိုပါ အမျိုးသားကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့် လအနည်းငယ်မှစ၍ လင်မယားနှစ်ဦး မကြာခဏ စကားများခဲ့ကြောင်း ၎င်းတို့၏ အိမ်နီးချင်းများက ပြော ကြားသည်။
ဓားဖြင့် အထိုးမခံရမီ ကျောက်အမျိုးသားက မိမိနှင့်ဒူတို့သည် ကျန်ဟန်မသင်္ကာဖြစ်သလို မဟုတ်ကြောင်း ရှင်းပြခဲ့သော်လည်း လက်မခံခဲ့ဘဲ ကျန်ဟန်က ၎င်းအားဓားဖြင့် အချက်ပေါင်းများ စွာ ထိုးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျင်ဟန်က ထွက်မပြေးဘဲ သေဆုံးသွားသူ ကျောက်၏အလောင်းရှေ့တွင် ငိုယိုနေသောမိန်း မရှေ့တွင် ထိုင်နေခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူအား “ဒီကိစ္စမင်းနဲ့ မဆိုင်ပါဘူး။ ကလေးတွေကို ဆက်ပြီး ဂရုစိုက် ပါ” ဟု ပြောကြားခဲ့သည်။
Mizzima


မှတ်ချက်များ