အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှ အသက် ၂၆ နှစ်အရွယ် အ မျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှု ရင်ဆိုင်နေရကြောင်း သိရသည်။
ကာယကံရှင်ဖြစ်သည့် အမည်မဖော်လိုသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားက မိမိအခန်းထဲတွင် အိပ်နေစဉ် တစ်ရေးနိုး၌ အဆိုပါ အမျိုးသမီးက မိမိကိုယ်ပေါ်သို့ရောက်ရှိနေပြီး လက်များကိုလည်း ချုပ်ထားပါကြောင်း ထွက်ဆိုထားသည်။
ချန်တေးဂီလ်မန်အမည်ရှိ အမျိုးသမီးသည် မူးယစ်ဆေးဝါး သုံးစွဲ သူတစ်ဦးဖြစ် ကြောင်းလည်း အမျိုးသားဖြစ်သူက ဆိုသည်။
အခင်းဖြစ်သည့်ညက ကာယကံရှင်အမျိုးသားသည် မွေးနေ့ပွဲတစ် ခုသို့ တက်ရောက်ပြီး ပြန်လာခြင်းဖြစ်ကြောင်းနှင့် တစ်နေ့လုံး သွားလာထားရသည့်အတွက် အိမ်ရောက်သည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်ကြောင်း စုံ
ထောက်ရော်ဂျာအီရှီမစ်ဆုက ဆိုသည်။
မိမိနိုးထလာချိန်တွင် အရပ် ၅ ပေ ၇ လက်မ၊ ပေါင်ချိန် ၂၄၀ ရှိ အမျိုးသမီးတစ်ဦး မိမိကိုယ်ပေါ်ရောက်ရှိနေ သည်ကို တွေ့ပါကြောင်းနှင့် ကာမဆက်ဆံမှုမြောက် အနေအထားဖြစ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း ၊ မိမိကိုယ်ပေါ်မှ ဆင်းရန် ပြောဆိုခဲ့သော်လည်း သူမက ဂရုမစိုက်သည့်အတွက် နောက်ဆုံး လွတ်အောင် ရုန်းပြေးခဲ့ရခြင်း ဖြစ်ပါကြောင်း အဆိုပါအမျိုးသားက ဆိုထားသည်။
DNA စစ်ဆေးမှုအရ သူမ၏ DNA နှင့်တူညီနေကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဂီလ်မန်ကမူ သူမအနေဖြင့် အဆိုပါဖြစ်ရပ်ကို မမှတ်မိပါကြောင်းနှင့် ထိုစဉ်က သူမအနေဖြင့် စိတ်ဝေဒနာ
ဖြစ်ပေါ်နေပြီး ပျော်ရွှင်လိုက် ၀မ်းနည်းလိုက်ဖြစ်နေပါကြောင်း ထွက်ဆိုထားသည်။
၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အဆိုပါဖြစ်ရပ်ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ ကလေးငယ်နှစ်ဦးရှိပြီး ကိုယ်ဝန်လွယ်ထားရသည့် သူမအား ရဲများက ဖမ်းဝရမ်းထုတ်ထားပြီး စက်တင်ဘာ ၂၂ ရက်တွင် တရားရုံး၌ အမှုစစ်ဆေးမည်ဟု သိရသည်။
Sithu Kyawswar | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ