ပါကစ္စတန် ရေဘေးဒုက္ခသည်များအား သီတဂူဆရာတော် ကန်ဒေါ်လာတစ်သောင်းလှူ

ပါကစ္စတန်းနိုင်ငံရှိ ဧရိ ယာအချို့တွင် ရေကြီးနစ်မြုပ်ခြင်း နှင့်ကြုံနေသည့် ဒုက္ခသည်များအား သီတဂူဆရာ
တော်ဒေါက် တာအရှင်ဉာဏိဿရက အမေရိကန်ဒေါ်လာ တစ်သောင်းပေး လှူလိုက်ကြောင်း သတင်းရရှိ သည်။

ပါကစ္စတန်နိုင်ငံတွင် မိုးရေ ချိန်ပမာဏများစွာ ရွာသွန်းမှု ကြောင့် အထက်ပါဒေသများ၌ ရေကြီးနစ်မြုပ်မှု များ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၃၀၀ ကျော် သေဆုံးခဲ့ သည်။ ပါကစ္စတန်တစ်နိုင်ငံလုံး ၏ စိုက်ပျိုးမြေဧက ၁ ဒသမ ၆ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ် အဆန်ဦးလှဘတ်ခ် (Ehsan Ullah Batth) က ပြောကြားသည်။

ပါကစ္စတန်ရေဘေး ဒုက္ခ သည်များအတွက် အလှူငွေပေး ရခြင်းနှင့်ပတ်သက်၍ သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ရည်ရွယ်ချက်ကို ရှင်းပြရာတွင် လူမျိုးကိုးကွယ်သည့် ဘာသာ မတူညီသော်လည်း အခြေခံပြဿနာ များဖြစ်သော ရေကြီးမှု၊ မိုးခေါင်မှု၊ မီးလောင်မှုများမှာ အတူတူပင် ဖြစ်သည်ဟု မိန့်ကြား သည်။

‘‘မတူတာကြည့်ပြီး တူညီတာတွေပေါ်မှာ လက်မတွဲနိုင်ရင်ကမ္ဘာကြီးရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး’’ ဟု ဆရာတော်ဒေါက်တာအရှင်ဉာဏိဿ ရက မိန့်ကြားသည်။

မိုးခေါင်ခြင်း၊ မီးလောင်ခြင်းနှင့် ရေကြီးမှုများသည် မြန်မာ နိုင်ငံတွင်လည်း ကြုံတွေ့ရလေ့ရှိသဖြင့် အစ္စလာမ်၊ ဗုဒ္ဓဘာသာ မခွဲခြားဘဲ အများနှင့်ဆိုင်သော ပြဿနာများကို ၀ိုင်းဝန်းဖြေရှင်းပေးရ မည်ဟု ဆရာတော်က မိန့် သည်။ အများနှင့်ဆိုင်သော ပြဿနာများကို နိုင်ငံတိုင်း၊ လူမျိုးတိုင်းက ၀ိုင်းဝန်းဖြေရှင်းရန် လိုအပ်သည် ဟု မိန့်ကြားသည်။

သီတဂူဆရာတော် ဒေါက် တာအရှင်ဉာဏိဿရသည် ၂၀၁၁ ပါကစ္စတန်ရေဘေး ဒုက္ခ များ ကြုံတွေ့စဉ်က လည်း အကူ အညီများပေးခဲ့ကြောင်း မြန်မာ နိုင်ငံအခြေစိုက် ပါကစ္စတန်သံရုံး ထုတ်ပြန်ချက်တွင် ပါဝင် သည်။ ဆရာတော်၏ ဆောင်ရွက်မှုသည် မတူညီသော ကိုးကွယ်ယုံ ကြည်မှု ဘာသာနှစ်ခုကြားတွင် နား လည်မှု ပိုမိုကျယ်ပြန့်လာစေ သည်ဟု အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြသည်။

7day

မှတ်ချက်များ