မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပေး နေသော ဆင်းကတ်များတွင် အင်တာနက် သုံးစွဲခွင့်ရရှိစေ ရန် ကျပ်တစ်သောင်းနှုန်း ထပ်မံ ပေးသွင်း နေရခြင်းကို ပယ်ဖျက်နိုင်ရန် ဆွေးနွေး ဆောင်ရွက်မှု မရှိသေး
ကြောင်း ဒုတိယ အကြိမ်မြောက် Myanmar Connect (၂၀၁၄) မှ သတင်း ရရှိ သည်။
ဒုတိယ အကြိမ်မြောက် Myanmar Connect 2014 ကို စက်တင်ဘာလ (၁၆) ရက်နေ့မှ စတင်ကာ နေပြည်
တော်ရှိ MICC (၂) တွင် ကျင်းပနေပြီး မြန်မာ့ဆက်သွယ်ရေး လောက၌ ဖြစ်ပေါ်နေသော အပြောင်းအလဲ များ၊နောက်ထပ် ဖြစ်ပေါ်လာမည့် အလားအလာများ အပါအ၀င် ဆက်သွယ်ရေး ကဏ္ဍ နှင့် ပတ်သက်သော ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ကျင်းသော ယင်း အခမ်းအနား အပြီးတွင်
မြန်မာနိုင်ငံတွင် အော်ပရေတာ လုပ်ကိုင်နေ ကြသော မြန်မာ့ ဆက်သွယ်ရေး၊ တယ်လီနော်နှင့် အော်ရီဒူး ကုမ္ပဏီများနှင့် သတင်း မီဒီယာများ တွေ့ဆုံကာ မေးမြန်း ဖြေကြားမှု များကို ပြုလုပ်ခဲ့သည်။
သတင်း မီဒီယာများနှင့် အော်ပရေတာ ကုမ္ပဏီများ တွေ့ဆုံရာတွင် MPT ဆင်းကတ်များ အင်တာနက် အသုံးပြုနိုင်ရန် ငွေကျပ်တစ်သောင်း အပို ထပ်လောင်း ပေးနေရခြင်းကို မည်သည့် အချိန်တွင် လျှော့ချ
ပေးနိုင်မည်ကို သိလိုကြောင်း မီဒီယာ တစ်ခု၏ မေးမြန်းမှုကို ဖြစ်နိုင် သလောက် စဉ်ဆက်မပြတ် ကြိုးစားနေ ကြ ပါတယ်။
ဒါပေမဲ့ အင်တာနက် ဖွင့်ဖို့ ငွေကျပ် တစ်သောင်းကျော်ပေးနေ ရတဲ့ ဟာကိုတော့ မဆွေးနွေးဖြစ်သေးပါဘူး ။ တခြားကျသင့်တဲ့ ငွေကြေးတွေ ကိုလည်း လေ့လာနေတုန်း ပါပဲ။ ဖုန်းခေါ်ဆိုခတွေ ဘယ်တော့ လျှော့မလဲ၊ အင်တာနက် ဘယ်တော့ ကောင်းမလဲ ဆိုတဲ့ မေးခွန်းတွေက ဒီနေ့မှာ ခဏခဏ အမေးခံရတယ်။ မကြာမီ လာမည်ပေါ့ ဟု အဆိုပါ အခမ်းအနားတွင် MPT ကိုယ်စားပြု တက်ရောက်သော KDDI Summit Global Myanmar Company Limited မှ General Manager Mr.Koichi Kawase က ပြောသည်။
ထို့ပြင် အော်ရီဒူး ဆင်းကတ်များ အသုံးပြုရာတွင် ဆက်သွယ်မှု အဆင်မပြေခြင်း၊ အင်တာနက် သုံးစွဲမှု အ ဆင်မပြေခြင်း၊ အော်ရီဒူး ကုမ္ပဏီ ၏ ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင်နေမှု နှင့် တယ်ရီနော ဆင်း ကတ်များကို မည်သည့် အချိန်တွင် စတင် ရောင်းချပေးမည် စသော ပြည်တွင်း၌ လက်ရှိ ဖြစ်ပေါ်နေသော ဆက်သွယ်ရေး ကဏ္ဍ၌ ပြည်သူ စိတ်ဝင်စားနေသော သတင်းများကို မေးမြန်းခဲ့ကြသည်။
တကယ်တော့ မြန်မာနိုင်ငံမှာ MPT ဟာ (၁၅) နှစ် အနှစ် (၂၀) လောက် လုပ်ကိုင်လာခဲ့တဲ့ အင်အားကြီး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အရမ်း အင်အားကြီးတဲ့ ပြိုင်ဘက်ကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာ
တော့ သူတို့က ပြိုင်ဘက်မရှိ ရပ်တည်နေကြတယ်။ အခု ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတွေကို တယ်လီနော အနေနဲ့ ၀င်ရောက်လာ တာဟာ ကစားပွဲ တစ်ခုကို လမ်းတစ်ဝက်ကနေ ၀င်ကစားရ သလိုပါပဲ။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ ဟု တယ်လီနော ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Petter Furbergက ဆိုသည်။
Myanmar Connect 2014ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) နှင့် အတူ ပြည်ပမှ ဆက်သွယ်ရေး
အော်ပရေတာ လိုင်စင် လုပ်ကိုင်ခွင့် ရရှိထားသော တယ်လီနော၊ အော်ရီဒူး ကုမ္ပဏီများ၊ ပြည်တွင်း အော်ပ
ရေတာ ကုမ္ပဏီ ရတနာပုံတယ်လီပို့ တို့ စုပေါင်း တွေ့ဆုံကာ မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ တိုးတက် မှု ဖြစ်စဉ်များကို ဆွေးနွေးခဲ့သည်။
messenger

မှတ်ချက်များ