
Kempinski ဟိုတယ်များ တည်ထောင်ထားသည့် ဥရောပ အခြေစိုက် Jewellery Luck ကုမ္ပဏီ လုပ်ငန်းစုနှင့်
ပြည်တွင်းမှ ကမ္ဘောဇ (KBZ) လုပ်ငန်းစုတို့ကအ ကျိုးတူပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခန်းအရေအတွက် ၁၄၁ ခန်းပါဝင်မည်ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ဒေါ်ဝင့်ရည်အောင် က “ ဒါက ၅၀ – ၅၀ နဲ့ အကျိုးတူပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၅ သန်း ကုန်ကျတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။
ပြီးတော့ Jewellery Luck Group of Companies(ကမ္ဘောဇ အုပ်စုဝင်) အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့် လှစ်တာလည်းဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ Kempinski ကိုမူ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်အဖြစ် ရွှေပြည်တော်ဝင်လမ်း ဒက္ခိဏသီရိ မြို့နယ်
နေပြည်တော်တွင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေရာကိုရယူထားပြီး အာဆီယံထိပ်သီးအစည်းအဝေးများကို ကျင်းပ မည်ဖြစ်ရာယင်းကာလတွင် နိုင်ငံခြားဧည့်သည် အနေဖြင့် ပြည်တွင်းသို့ ၀င်ရောက်လာမည့်အခြေအနေနှင့် ချိန်သားညီဖြစ်ရန် နိုဝင်ဘာလတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဒေါ်ဝင့်ရည်အောင်က ဆက်လက်
ပြောသည်။
ယင်းအပြင် Kempinski ထူးခြားချက်မှာမူ မြန်မာနိုင်ငံ၏ ၁၈ ရာစုကာလ ကုန်းဘောင်မင်းဆက် ဗိသုကာ လက်ရာများကို စုစည်းတည်ဆောက်ထားသဖြင့် နိုင် ငံခြားခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုရှိစေ မည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းတွင် ၁၉၈၈ ခုနှစ်မှ ယခု ၂၀၁၄ ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၅၅ ခုမှ ကန်ဒေါ်လာ ၁ ဒသမ ၈၅၄ဘီလီယံနှင့် ပြည် တွင်းရင်းနှီးမြုပ်နှံမှု ၄၅ ခုမှ ကျပ်ငွေ ၆၆၇ ဘီလီယံကျော် ၀င်ရောက်ရင်းနှီးမြုပ်နှံထားသည်။
Mizzima
မှတ်ချက်များ