
Miss Asia Pacific World ပွဲစီစဉ်သူများက သရဖူပြန်လည်သိမ်းဆည်းရေးအတွက် မေမြတ်နိုးကို တောင်း ပန်မည်မဟုတ်ဘဲ သရဖူခိုးယူမှုဖြင့် ရဲကိုတိုင်ကြားသွားမည်ဟု စက်တင်ဘာ ၃ ရက် ညနေပိုင်းက ပြောကြား ထားသည်။
သရဖူပြန်ရရေးအတွက်လည်း တရားစွဲဆိုမှုများ လုပ်ဆောင်သွားမည်ဟု ပွဲစီစဉ်သူများက ပြောကြားသည်။
အလှမယ်ပြိုင်ပွဲစီစဉ်ကျင်းပသူ ယောင်ချိုက “ကျွန်တော့်ရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ပဲ ရဲစခန်းမှာ တိုင်မှာပါ” ဟု ပြောကြားသည်။

မေမြတ်နိုးက မိမိ၏ ရင်သားခွဲစိတ်ပြုပြင်ခဲ့ခြင်းမရှိဟု စက်တင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ယောင်ချိုက ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိမိတို့တွင် ဓာတ်ပုံအထောက်အထားများရှိကြောင်း The Kore Times သတင်းစာသို့ ပြောကြားသည်။
“သူက အကုန်လိမ်နေတယ်။ သူရင်သားခွဲစိတ်ပြုပြင်တဲ့ ကုန်ကျစရိတ်ကို ကျွန်တော်တို့ ပေးခဲ့ရပါတယ်။ ကျွန်တော်တို့ သူ့ကို ဓာတ်ပုံအထောက် အထားတွေ ပေးခဲ့ပေမယ့် ဓာတ်ပုံထဲကသူက သူမဟုတ်ဘူးလို့
ငြင်းနေပါတယ်” ဟု ယောင်ချိုက ဆက်လက်ပြောကြားသည်။
မေမြတ်နိုးနှင့်၎င်း၏ မိခင်တို့ သဘောတူညီချက်အရ မေမြတ်နိုးအား ဘူဆန်မြို့ရှိ ဆေးရုံတစ်ရုံသို့ ရင်သား ခွဲစိတ်ပြုပြင်ရန် ပို့ခဲ့သော်လည်း သူမအနေ ဖြင့် ယင်းသို့ မလုပ်ဆောင်ခဲ့ကြောင်း ငြင်းဆိုခြင်းဖြစ် သည်ဟု
ယောင်ချိုက ပြောကြားသည်။
The Korea Times | Mizzima
မှတ်ချက်များ