အင်ဒိုနီးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က အစ္စလာမ့်မစ်ပြည်ထောင်စုတပ်ဖွဲ့ (အိုင်အက်စ်) သွေးကြွ အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ သံသယရှိ အမျိုးသား ၇ ယောက်ကို ဖမ်းမိတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
နိုင်ငံအနောက်ပိုင်း ဆူလာဝေစီ ပြည်နယ် ထဲမှာ ဖမ်းမိတဲ့အကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။
သံသယဖြစ်ဖွယ် ကားတစီးဟာ ရဲစစ်ဆေးရေးဂိတ်နဲ့ ခပ်လှမ်းလှမ်းအရောက်မှာ ရုတ်တရတ် ရပ်ပြီး နောက်
ပြန်လှည့်သွားလို့ ရဲက နောက်ကနေ လိုက်ပြီး ဖမ်းဆီးခဲ့တာလို့ ရဲအဖွဲ့ ပြောခွင့်ရသူက ရှင်းပြပါတယ်။
ပါရီဂီ မောင်တောင်မြို့ကနေ အကြမ်းဖက်သမားတွေ ခိုအောင်းရာ ဒေသအဖြစ် သတ်မှတ်ထားတဲ့ တော
တောင်ထူထပ်တဲ့ ပိုဆိုမြို့ဆီကို သွားတဲ့ လမ်းမှာ သူတို့ကို ဖမ်းတယ်လို့ သတင်းတွေက ဆိုပါတယ်။
အိုင်အက်စ် စစ်သွေးကြွအဖွဲ့က သုံးတဲ့ အမှတ်အသားတွေ၊ စာရွက်စာတမ်းတွေကိုလည်း ဖမ်းမိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဖမ်းထားသူ ၇ ယောက်စလုံးကို အနောက်ဂျားဗားမှာ ရှိတဲ့ ရဲအထူးတပ်ဖွဲ့ဌာနချုပ်တွေဆီကို ပို့ထားပြီး မေး
မြန်းနေတယ်လို့ ရဲအဖွဲ့ကပြောပါတယ်။
ဒေသသတင်းတွေအရ အင်ဒိုနီးရှား နိုင်ငံသား ၆၀ ဟာ အီရတ်နဲ့ ဆီရီးယားမြေပေါ်မှာ အိုင်အက်စ် အဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အင်ဒိုနီးရှား အစိုးရဟာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံတာ ပိတ်ပင်ထားပြီး အရှေ့အလယ်ပိုင်း
ဒေသကို သွားပြီး အိုင်အက်စ်အဖွဲ့နဲ့ မပူးပေါင်းကြဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။
DVB

မှတ်ချက်များ