
ထောက်လှမ်းရေး အရာရှိများက ဆိုခဲ့ကြသည်။
ရေနံ နှင့် အခြား ကုန်ပစ္စည်းများ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ရေးအတွက် IS အဖွဲ့သည် ပေါ်ပေါက်နေ သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ် သည့် မှောင်ခိုကွန်ရက်များကို အသုံးပြုလျက် ရှိသည်။ ထို့ပြင် IS အဖွဲ့သည် ၄င်းတို့ သိမ်းပိုက် ထားနိုင်လျက်ရှိသော ဒေသများတွင် ခြိမ်းခြောက်ငွေညှစ်ခြင်းဖြင့်လည်း ဝင်ငွေရရှိနေသည်။ IS အဖွဲ့သည် ပြန်ပေးဆွဲခြင်းများ နှင့် လူကုန် ကူးမှုများကိုလည်း ပြုလုပ်လျက် ရှိသည်။
IS အဖွဲ့၏ ရေနံကုန်သွယ်မှု နှင့် ပတ်သက်၍ ကာဒစ်စတန် ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမေရိကန် အကူအညီပေးရေး အရာ ရှိဟောင်း ဒန်နိစ်နာတာလီက “ငွေတွေအများကြီး ရမယ့် အခြေ အနေမျိုးပါ” ဟု ဆိုခဲ့သည်။ ၎င်းသည် ယခုအခါ အမျိုးသားကာကွယ်ရေး တက္ကသိုလ်တွင် အကြီးတန်း သုတေသန အရာရှိအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။
“ကာ့ဒ်တွေက အဲဒီလုပ်ငန်းကို ပိတ်ဆို့ဖို့ ကြိုးစားနေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့် ဝန်ထမ်းတွေ၊ ဒါမှမဟုတ် တစ်စုံတစ်ဦးကို ပိုက်ဆံပေးလိုက်ရင် အလုပ်ဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။
ပုံမှန် ရေနံဈေးနှုန်းမှာ ရေနံ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော် ရှိနေသော်လည်း IS အဖွဲ့က ရေနံတစ်စည် လျှင် ၂၅ ဒေါ်လာမှ ဒေါ်လာ ၆၀ အတွင်း နှုန်းထားဖြင့် ဈေးလျှော့ရောင်းချနေခြင်း ဖြစ်သည်။
ထိုသို့ ဈေးလျှော့ရောင်းသော်လည်း ရေနံမှ IS အဖွဲ့ရရှိနေသည့် အမြတ်ငွေမှာ တစ်ရက်လျှင် ဒေါ်လာ သုံး သန်းကျော် အထိရှိနေကြောင်း ဘရွတ်ကင်းစ်အင်စတီကျူးရှင်း၏ ကာတာနိုင်ငံ ဒိုဟာဌာန မှ လူဝေအယ်လ် ခါတိဘ် က ဆိုခဲ့သည်။
အခြားကျွမ်းကျင်သူတစ်ဦးဖြစ်သည့် အမည်မဖော်လိုသူ အမေရိကန် ထောက်လှမ်းရေးအရာရှိ တစ်ဦးက
ပြော ခဲ့ရာတွင် IS စစ်သွေးကြွအဖွဲ့၏ အရင်းအမြစ်များမှာ သမိုင်းကြောင်း တစ်လျှောက် အခြား အကြမ်း ဖက် အဖွဲ့များ ရရှိခဲ့သော အရင်းအမြစ် ပမာဏများ ထက် ကျော်လွန်နေကြောင်း ပြောခဲ့သည်။
AFP
မှတ်ချက်များ