Ladies' Code အဖွဲ့ဝင် အွန်ဘီ ယာဉ်မတော်တဆမှုဖြင့် သေဆုံး


စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွား ခဲ့သော မော်တော်ယာဉ်မတော် တဆမှုတွင် ကိုရီးယားအ မျိုးသမီး ကေပေါ့ပ် Ladies' Code အဖွဲ့ ဝင် အွန်ဘီသေဆုံးသွားပြီး အခြားအဖွဲ့ဝင်နှစ်ဦးမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

Ladies' Code အဖွဲ့ စီးနင်း လာသောယာဉ်မှာ ကိုရီးယား စံတော်ချိန် နံနက် ၁ နာရီ ၂၀ မိနစ်တွင် မိုးရွာ ထားသော လမ်း ပေါ်မှ ချော်ထွက်သွားခဲ့သည်ဟု ဆိုသည်။

အင်ချွန်းမြို့သို့ ဦးတည်နေ သော ယွန်ဒေါင်းအဝေးပြေး လမ်းမ လမ်းဆုံတစ်ခုအနီး ဖြစ် ပွားသော မတော်တ ဆမှု၌ ဘီး ချော်သွားသောယာဉ်မှာ အကာ အကွယ်နံရံကို ဝင်တိုက်ခဲ့သည် ဟုဆိုသည်။ ယင်းအတွက် အွန်ဘီသေဆုံးသွားခဲ့ပြီး ယာဉ် ပေါ်တွင်လိုက်ပါလာသူ ကျန် ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Ladies' Code အဖွဲ့၏ မတော်တဆမှုသတင်းကြားသိပြီး နောက် ၎င်းတို့၏ ပရိသတ်များ က လူမှုမီဒီယာ ဝက်ဘ်ဆိုက်များ တွင် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားမျှဝေခဲ့ကြသည်။

All Kpop

မှတ်ချက်များ