
California တရားသူကြီးနှစ်ဦး သူတို့ အခန်းထဲ လိင်ဆက်ဆံမှုကြောင့် အပြစ်ပေးခြင်းခံခဲ့ကြပါတယ်။ Orange County အကြီးတန်းတရားသူကြီး Scott Steiner ဟာ တရားရုံးခန်းတစ်ခုမှာ အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံခဲ့ပြီး အမှုရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။
Kern County အကြီးတန်း တရားသူကြီးတစ်ဦးဖြစ်တဲ့ Cory Woodward ဟာလည်း သူ့အခန်းထဲမှာအိမ်
ထောင်သည် တရားရုံးစာရေးမတစ်ဦးနဲ့ အိပ်ခဲ့ပြီး ၎င်းအကြောင်းစုံကို သူ့ အကြီးအကဲများအား လိမ်လည်
ပြောဆိုခဲ့ပါတယ်။
အကြီးလေးဆုံး ပြစ်ဒဏ်ပေးခြင်းက ရာထူးကနေ ဖယ်ရှားခြင်းလို့ အဲဒီတရားသူကြီးနှစ်ဦးကို တရားစီရင်ရေး အဖွဲ့တစ်ခုက လူသိရှင်ကြား ပြစ်တင်ပြောဆိုခံခဲ့ပါတယ်လို့ Los Angeles Timesသတင်းက ဖော်ပြထားပါ တယ်။
Commission on Judicial Performance လို့ လူသိများတဲ့ အဲ့ဒီတရားစီရင်ရေးအဖွဲ့ကို တရားကြီး(၃) ဦး၊ ရှေ့နေ(၂) ဦး၊ အဖွဲ့ဝင် (၆) ဦးတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Steiner နဲ့ ပတ်သက်ပြီး ၎င်းကော်မရှင်ပြောဆိုခဲ့ရာမှာတော့ သူ့အပြုအမူဟာ တရားရုံးရဲ့ သိက္ခာနဲ့ စည်းမျဉ်း စည်းကမ်းကို မလေးမစားလုပ်ရာရောက်သည့်အပြင် အများအမြင်မှာ သူ့အဆင့်အတန်းကိုလည်း ကျဆင်း
စေတယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီ အပြုအမူကို သတိထားမိကောင်းထားမိနိုင်တဲ့ တရားရုံးဝန်ထမ်းများအပေါ် လုပ်ငန်းခွင်မှာ ရန်လိုမုန်း တီးစိတ်ဖြစ်စေနိုင်တဲ့ အလားအလာရှိနိုင်တယ်လို့ ၎င်းတရားစီရင်ရေးအဖွဲ့က ပြောပါတယ်။
ကော်မရှင်ရဲ့ ပြောဆိုချက်အရ Woodward ဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ သူ့ စာရေးမနဲ့အတူ အိပ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံပေးခြင်းရှိခဲ့ကြပေမဲ့ သူမကို ရာထူးကနေ ပယ်ထုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ရုံးလုပ်ငန်းတွေ လုပ်ကိုင်နေစဉ်အတွင်း စာရေးမကို လိင်ကိစ္စအကြောင်းအရာ ရေးထားတဲ့ စာတွေကိုလည်း
ပေးခဲ့ပါသေးတယ်။ တရားရုံးအတွင်း လိင်မှုကိစ္စနဲ့ ပတ်သက်နေခြင်းဟာ တရားသူကြီးတစ်ဦးနေနဲ့ တာဝန် ကို မလေးစားရာ ရောက်တဲ့အပြင်၊ အဆိုးဝါးဆုံး မသင့်မလျော် ပြုမူလိုက်ခြင်းလို့ ၎င်းကော်မရှင်း အဖွဲ့က
ရေးသားဖော်ပြခဲ့ပါတယ်။
Trend Myanmar
မှတ်ချက်များ