Miss Grand International 2014 ပြိုင်ပွဲ၏ Miss Popular Vote တွင် မြန်မာ နိုင်ငံမှ Mဂျာဆိုင်း ဒုတိယ နေရာတွင် ရပ်တည်နေ

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ဒုတိယ အကြိမ်မြောက် Miss Grand International 2014 ပြိုင်ပွဲ တွင် ချီးမြှင့်မည့် Miss Popular Vote အတွက် တရားဝင် အွန်လိုင်း မဲပေး အစီအစဉ်ကို စက်တင်ဘာ ပထမ အပတ်တွင် စတင် ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ ဒုတိယ နေရာ၌ရပ်တည် လျက် ရှိ သည်။



Miss Grand International 2014 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Mဂျာဆိုင်း မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တွင် ထိုင်းနိုင်ငံ သို့ သွားရောက်မည် ဖြစ်ကာ စက်တင်ဘာ ၁၇ ရက်တွင် စခန်းသွင်း လေ့ကျင့်မှု များကို ပြုလုပ်မည် ဖြစ်ကာ နောက်ဆုံး ပြိုင်ပွဲကို အောက်တိုဘာ ၇ရက်တွင် ကျင်းပမည် ဖြစ်သည်။

"Voting ပေးတဲ့ နေရာမှာ ဒုတိယ နေရာက ရှိနေတဲ့ အတွက် ဂုဏ်ယူ မိပါတယ်။ မြန်မာလူမျိုး တွေရဲ့ အားပေးမှု ကို တွေ့လိုက်ရလို့ ဝမ်းသာ မိတယ်။ မြန်မာလူမျိုး တွေက ဒီလို အားပေးကြ ပါလားလို့ တွေ့လိုက် ရတဲ့ အခါမှာ ဂုဏ်ယူ မိပါတယ်" ဟု အလှမယ် Mဂျာဆိုင်း က ပြောသည်။

ယင်းပြိုင်ပွဲ အတွက် အလှမယ် Mဂျာဆိုင်းသည် စစ်နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကြောင်းအရာ များကို အဓိ က လေ့လာ လျက် ရှိကြောင်း Mဂျာဆိုင်း က ဆိုသည်။

၎င်းသည် ပြိုင်ပွဲ အတွက် ကိုယ်ခန္ဓာ အချိုးအစား လှပစေရန် အားကစား ပြုလုပ်ခြင်း ၊ စင်ပေါ် တွင်လမ်း
လျှောက်နည်း များ လေ့ကျင့်မှု အပြင် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု ၊ဘာသာစကားနှင့် ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ရေး အတွက် လေ့ကျင့်မှုများ ပြုလုပ်လျှက် ရှိသည်။

Miss Grand International 2014 ပြိုင်ပွဲသည် ထိုင်းနိုင်ငံတွင် ကျင်းပမည် ဖြစ်ခြင်း ကြောင့် ယင်းအချိန် စခန်း သွင်း လေ့ကျင့်သည့် အခါတွင် မြန်မာဝတ်စုံ အပြင် ကချင် ရိုးရာဝတ်စုံ များကို ဝတ်ဆင်ရန် ပြင်ဆင်ထား သည်။

ယင်း ပြိုင်ပွဲ၏ Miss Popular Vote အတွက် တရားဝင် အွန်လိုင်း မဲပေးရာတွင် စက်တင်ဘာ ၅ရက် မွန်းလွဲ ၂နာရီ အချိန်ထိ Mexico နိုင်ငံမှ Miss Marsha Ramirez က ၁၀.၈၇ ရာခိုင်နှုန်း ဖြင့် ပထမ နေရာတွင် ရပ် တည် နေပြီး မြန်မာနိုင်ငံမှ အလှမယ် Mဂျာဆိုင်းက ၇.၈၂ ရာခိုင်နှုန်း ဖြင့် ဒုတိယ နေရာ၌ ရောက်ရှိ နေ သည်။

Miss Grand International 2014 ပြိုင်ပွဲတွင် Best National Costume အတွက် USD 2000၊ Best In Evening Gown အတွက် USD 2000၊ Best In Swim Suit အတွက် USD 2000 ၊Miss Popular Vote အတွက် USD 1000 နှင့် Best Social Media အတွက် USD 1000 တို့ကို ချီးမြှင့် သွားမည် ဖြစ်သည်။

ပန်းမြတ်ဇော် | Mizzima

မှတ်ချက်များ