ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီ မွန်းက အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ ဆွန်နီ စစ်သွေးကြွအုပ်စုကို တားဆီးဖို့ ကမ္ဘာလုံးက ကိုယ် လုပ်နိုင်တာကို လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကိုဘာနီမြို့ သုံးပုံတပုံကို သူပုန်တွေက သိမ်းလိုက် တာဟာ အင်မတန် စိုးရိမ်စရာ အခြေအနေဖြစ်ပါ တယ်။
ဒါကြောင့် ပြဿ နာ စဖြစ်ကတည်းက နိုင်ငံတွေကို ကိုယ့်အစွမ်းအစ ရှိသလောက်၊ တတ်နိုင်တဲ့ နည်း လမ်းတွေကို သုံးပြီး တားဆီးကြဖို့ သတိပေးခဲ့တာပါလို့ တူနီးရှားနိုင်ငံမှာ ရောက်နေတဲ့ ဘန်ကီမွန်းကပြောပါတယ်။
ဒီလိုပဲ ကမ္ဘာ့အဆိုးဆုံး ကပ်ဘေးတခုဖြစ်တဲ့ အီဘိုလာ ရောဂါကိုလည်း ထိန်းသိမ်းကြဖို့ ဘန်ကီမွန်းက တိုက် တွန်းလိုက်ပါတယ်။
စစ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အထောက်အပံ့တွေကိုပို့ပေးနိုင်တဲ့ နိုင်ငံတွေက လည်းပို့ကြပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အပံ့တွေကိုတော့ ပေးနေပါတယ်။
အခု လုပ်ရမယ့် ကိစ္စက လက်ရှိ အရင်းအမြစ်ကို အဆ ၂၀ တိုးရမယ်။ အရှိန်ကိုလည်း အဆ ၂၀ တိုးရမယ်၊ ဒါမှ အီဘိုလာ ရောဂါကို ထိန်းချုပ်နိုင်မယ်လို့ ပြောပါတယ်။
ဘန်ကီမွန်းဟာ တူနီးရှားမှာ လွှတ်တော် ရွေးကေက်ပွဲကျင်းပဖို့ နှစ်ပတ်အလိုမှာ ရောက်နေတာပါ၊တူနီးရှား ရဲ့ နိုင်ငံရေး အပြောင်းအလဲကို ထောက်ခံတဲ့အကြောင်းပြောလိုက်ပြီး မဲပေးကြဖို့ကိုလည်း ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
တူနီးရှားမှာ အခြေအနေတွေ ထင်ရှားတဲ့ တိုးတက်နေမှုတွေ ရှိနေသလို ကုလသမဂကလည်း တူနီးရှား ဘက်မှာ ရှိနေတယ်လို့ ပြောပါတယ်။
DVB

မှတ်ချက်များ