အမေရိကန်နိုင်ငံထုတ် အီဘိုလာဗိုင်းရပ်စ် ရောင်းအားကောင်းဖွယ်ရှိ
အီဘိုလာ ဗိုင်းရပ်စ်ပိုးဟာ တစ် ကမ္ဘာလုံးကို ထိတ်လန့် ချောက်ချားစေခဲ့ပေမယ့် စီးပွားရေးသမားတွေက
တော့ ကြောက်လန့်မှုမရှိတဲ့အပြင် အီဘိုလာနဲ့ စီးပွားရှာ ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။
အမေရိကန် နာမည်ကြီးအရုပ်ကုမ္ပ ဏီ Giant Microbes က အီဘိုလာဗိုင်းရပ်စ် ပိုးကို အရုပ်လုပ်ပြီးရောင်း ချခဲ့တဲ့ စိတ်ကူးက အံ့အားသင့်စရာပါ။
Giant Microbes က အီဘိုလာဗိုင်း ရပ်စ်အရုပ်ကို အရုပ်သေး အတွက် ၇ဒသမ၉၅ ပေါင်နဲ့ အရုပ်ကြီး ကို ၁၈ဒသမ၅၂ ပေါင်ဆိုပြီး ရောင်း ချလို့ နေပါတယ်။
အခုဆို ရင် ကုမ္ပဏီက အီဘိုလာအရုပ်တွေကို နိုင်ငံခြားကိုပါတင်ပို့နေပြီလို့ သိရပါ တယ်။
အခုလိုရောင်းချမှုနဲ့ပတ်သက်ပြီး Giant Microbes က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူတို့ရဲ့ထုတ် ကုန် ပစ္စည်းအရုပ်တွေဟာ အီဘိုလာအကြောင်းနား လည်လိုတဲ့ သူတွေအတွက် အထောက်အကူဖြစ်စေမယ် လို့ ပြောကြားခဲ့ပါတယ်။
အရုပ်ရောင်းအားကလည်း လူတွေကစိတ်ဝင်စားနေတဲ့အတွက် မြင့်မားဖွယ်ရှိတယ် လို့ ဆိုပါတယ်။
The Flower News

မှတ်ချက်များ