ရန်ပုံငွေ အလွဲသုံးစားသည်ဟု စွပ်စွဲခံနေရသော ဂျပန်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ရာထူးမှ နုတ်ထွက်မည်
ဂျပန်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ယူကိုအိုဘူချီကို ကျောထောက်နောက်ခံ ပြုနေသော အုပ်စုများက
နိုင်ငံရေး ရန်ပုံငွေများကို အလွဲသုံးစားပြုသည်ဟု စွပ်စွဲမှု ပေါ်ပေါက်လာခြင်းကြောင့် ယူကိုအိုဘူချီ ရာထူး မှ နုတ်ထွက်မည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ သမီးဖြစ်သူ ယူကိုအိုဘူချီသည် ရန်ပုံငွေ အလွဲသုံးစားမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုကို တနင်္လာနေ့တွင် တင်ပြရန် စီစဉ်နေပြီး ရာထူးမှ နုတ်ထွက်ရန် ဂျပန်ဝန်ကြီးချုပ် အာဘေး ကို တောင်းဆိုသွားမည်ဟု Nikkei နှင့် Sankei သတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း စုံစမ်း စစ်ဆေးမှုကို တနင်္ဂနွေ့နေ့တွင် လုပ်ဆောင်သွားရန် ပါလီမန်ကော်မတီ ကျင်းပမည့် တနင်္လာနေ့အထိ
စောင့်ဆိုင်းခြင်းမပြုရန် အာဘေး၏အဖွဲ့က သုံးသပ်လျက်ရှိသည်။
ဝန်ကြီးချုပ်အာဘေးက ပြီးခဲ့သည့် နှစ်လအတွင်းက အစိုးရအဖွဲ့ဝန်ကြီး အပြောင်းအလဲများကို လုပ်ဆောင် ခဲ့ပြီး အမျိုးသမီးများ၏ ထောက်ခံမှု ရရှိနိုင်ရန် ဝန်ကြီးအဖွဲ့တွင် အမျိုးသမီးငါးဦးအထိ ထည့်သွင်းဖွဲ့စည်းခဲ့ကာ သြဇာအာဏာ ကြီးမားသော ကုန်သွယ်ရေး ဝန်ကြီးဌာကို ဦးဆောင်ရန် အိုဘူချီကို ရွေးချယ်ခဲ့သည်။
ရန်ပုံငွေ အလွဲသုံးစားသည်ဟု စွပ်စွဲချက်နှင့် ပတ်သက်၍ အိုဘူချီက ကြာသပတေးနေ့တွင် တရားဝင်
တောင်းပန်ခဲ့ပြီး ယင်းကဲ့သို့ အလွဲသုံးစားပြုမှုသည် ရွေးကောက်ပွဲနှင့် နိုင်ငံရေး ရန်ပုံငွေဆိုင်ရာ ဥပဒေချိုး
ဖောက်မှု အဖြစ် သတ်မှတ်ခံရနိုင်သည်။ ရာထူးမှ နုတ်ထွက်ရေးကိစ္စကို အိုဘူချီက စနေနေ့တွင် ထုတ်ဖော်
ပြောကြားခြင်း မရှိခဲ့ဘဲ ရန်ပုံငွေအလွဲသုံးစားမှုအရေးကို ဦးစွာစစ်ဆေးမည်ဟု ဆိုသည်။
အိုဘူချီ၏ နိုင်ငံရေးအုပ်စု နှစ်ခုက၂၀၀၉ နှင့် ၂၀၁၁ ခုနစ်အတွင်း ခန်းမအသုံးစရိတ်အဖြစ် ဒေါ်လာ ၄ သိန်း အသုံးပြုခဲ့ပြီး၂၀၁၂ ခုနှစ် အသုံးစရိတ်ကို မှတ်တမ်းမထားခဲ့ကြောင်း အခြားသော နိုင်ငံရေးရန်ပုံငွေ အုပ်စု တစ်ခုကလည်း အိုဘူချီ၏ ညီမ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း တစ်ခုထံမှ ယန်းငွေ ၃ ဒသမ ၈ သန်းတန် ကုန်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြခဲ့သည်။
ကုန်သွယ်ရေးဝန်ကြီး အိုဘူချီသာရာထူးမှ နုတ်ထွက်သွားပါက ယင်းကဲ့သို့ နုတ်ထွက်မှုသည် ဝန်ကြီးချုပ် အာဘေး၏ အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် နုတ်ထွက်မှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။
The Voice

မှတ်ချက်များ