မြေနီကုန်းတွင် ဆန္ဒပြခဲ့သည့် အမည်မသိမျက်နှာဖုံးစွပ်လူငယ်များ အဖွဲ့အစည်း အမည်ထုတ်ဖော်ပြီ
ရန်ကုန်မြို့ မြေနီကုန်း၌ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပေးရေး ဆန္ဒပြပွဲအား မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မသိရှိရသေးဘဲ ရှိနေခဲ့ရာ ယနေ့(အောက်တိုဘာ ၂၀ရက်)တွင် (Annonymous-Burma) ဆိုသည့် အဖွဲ့ဖြစ်ကြောင်း ၎င်းတို့ တည်
ထောင်လိုက်သည့် ဖေ့စ်ဘွခ်စာမျက်နှာမှ တဆင့် ရှင်းတမ်းတစောင် ထုတ်ပြန်အသိ ပေးလိုက်ပြီ ဖြစ်သည်။
ယင်းမျက်နှာဖုံးစွပ်လူငယ်များက စစ်ကျွန်ပညာရေးစနစ် နှင့် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပစ် ဟူသော ဗီနိုင် များကိုင်ဆောင်ကာ ကျောင်းသာများ ကန့်ကွက်သည့်ကြားမှ အတည်ပြုလိုက်သော အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ခဲ့ကြခြင်းကြောင့် ဗကသ၊ တကသ အစရှိသည့် ကျောင်းသား အဖွဲ့အစည်းများအား ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ယင်းတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထာသည်။
မြေနီကုန်းဆန္ဒပြပွဲအား ၁၉ ရက် ၁၀ လ တွင်ပြုလုပ်ခဲ့သောကြောင့် ဆယ်ကိုးတဆယ်လှုပ်ရှားမှုဟု ၎င်းတို့က အမည်ပေးထားကြောင်း၊ မျက်နှာဖုံးစွပ်ရခြင်းအကြောင်းအရင်းမှာ နိုင်ငံရေးအမြတ်ထုတ်သည့် နိုင်ငံရေးသ မားများနှင့် မတူသော အမည်မသိလူငယ်များသာဖြစ်လို၍ဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့်အဖွဲ့အ စည်းနှင့် ချိတ်ဆက်ခြင်းမရှိကြောင်း၊ မြေနီကုန်းလှုပ်ရှားမှုမှစ၍ ရှေ့ဆက် တိုက်ပွဲဝင်နေဦးမည်ဖြစ်ကြောင်း တို့ ဖော်ပြထားသည်။
ယင်းအပြင် ၎င်းတို့၏ ကြွေးကြော်သံ ၅ချက်အား ထည့်သွင်းထားရာ
(၁) စစ်ဖိနပ်အောက်က ပညာရေး အလိုမရှိ အလိုမရှိ
(၂) ကျောင်းသားပြည်သူအခြေမခံတဲ့ ပညာရေးဥပဒေ ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်
(၃) စစ်တစ်ပိုင်းအစိုးရ အလိုမရှိ ၊အလိုမရှိ
(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး ဒို့အရေး၊ ဒို့အရေး
(၅) စစ်ဘောင်းဘီချွတ် သိန်းစိန်အစိုးရ ချက်ချင်းဆင်း၊ ချက်ချင်းဆင်း ဟူ၍ဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ