မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါနှင့် ဘောလုံးအဖွဲ့ ချုပ်တို့ နှစ်ဦးသဘောတူလမ်းခွဲ ဂျပန်လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြ အဖြစ် ကုမာဒါတာဝန်ထမ်းဆောင်မည
ဂျပန် လူမျိုးနည်းပြချုပ် ကုမာဒါမှာ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းကြီး အား ဆက်လက်ကိုင် တွယ်တော့မည်မဟုတ်ကြောင်း သိရှိရသည်။ မြန်မာ့ လက်ရွေးစင်အသင်းနည်းပြချုပ် ကုမာ ဒါမှာ ၄င်း၏ မိခင်နိုင်ငံတွင်ရှိသော ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်း အား နည်းပြချုပ်အဖြစ် ကိုင်တွယ်ရန် ဂျပန်နိုင် ငံသို့ အောက်တိုဘာ၂၅ရက် က အပြီးပြန်သွားခဲ့ပြီဖြစ်သည်။
ဂျပန်လူမျိုးနည်းပြချုပ် ကုမာဒါ ၏ဘာသာပြန် ဦးဝင်းထွန်းမှ'' ကုမာ ဒါရဲ့ စာချုပ်သက်တမ်း ၂ဝ၁၅ ဇန်န ဝါရီလမှာ ပြည့်မှာပါ။ ဒါပေမဲ့သူက မိခင်အသင်းကို သွားချင်တဲ့ဆန္ဒ အရမ်း ပြင်းပြနေတော့ မြန်မာနိုင်ငံ
ဘောလုံး အဖွဲ့ချုပ်က ခွင့်ပြုပေးလိုက်တာပါ။ နည်းပြနဲ့ မြန်မာကစားသမားတွေအ ကြား ဘာပြသာနာမှ မရှိပါဘူး''ဟု ပြော သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းမှာ လာမည့်နိုဝင်ဘာ ၈ရက် တွင် ရန်ကုန်မြို့သုဝဏ္ဏအားကစား ကွင်း၌ တရုတ်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာလတွင် ဂျပန် နည်းပြချုပ် ကုမာဒါကိုင်တွယ်မည့် ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်း
နှင့် ခြေစမ်းပွဲထပ်မံယှဉ်ပြိုင်သွားမည် ဖြစ်ရာ ယင်းခြေစမ်းပွဲမှာ ကုမာဒါမှ ကမ်းလှမ်းသော ခြေစမ်းပွဲဖြစ် သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက''ကုမာဒါက မြန်မာလက်ရွေးစင် အမျိုးသမီးအ သင်း ကို ၂ဝ၁၁ခုနှစ်ထဲက ကိုင်တွယ် တာ တစ်နှစ်စီစာချုပ်အနေနဲ့ သုံးနှစ် ချုပ်ထားတာပါ။ အဓိကတော့ ဂျပန်
ဘောလုံးအဖွဲ့ချုပ်က သူ့ကိုပြန်လည် ခေါ်နေတာရယ်၊ ဂျပန်ကလပ်အသင်း တစ်သင်းက နည်းပြအဖြစ် သူ့ကိုပြန် ငှားတာရယ်ကြောင့် ပြန်သွားတာပါ။ စာချုပ်ကတော့မပြည့်သေးဘူး လေး လလိုသေးတယ်။ ဒါပေမဲ့ ဂျပန်ဘော လုံးအဖွဲ့ချုပ်ဘက်က မေတ္တာရပ်ခံပြီး အကူအညီတောင်းတာကြောင့် ကျွန် တော်တို့ ဘက်က ဘာမှလျော်ကြေးမ တောင်းပဲ ခွင့်ပြုပေးခဲ့တာပါ''ဟု ပြောသည်။
လက်ရှိမြန်မာ့လက်ရွေးစင် အ မျိုးသမီးအသင်းကို ပြည်တွင်းနည်းပြ နှစ်ဦးမှ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ဆက်လက် လေ့ကျင့်ပေးလျက်ရှိပြီး နောက်ထပ်ပြည်ပနည်းပြ ခေါ်ယူရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ် လျက်ရှိကြောင်း သိရသည်။
ကုမာဒါသည် မြန်မာအမျိုးသ မီးအသင်းအား (၂၇)ကြိမ်မြောက်ဆီး ဂိမ်းပြိုင်ပွဲတွင် တတိယရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဒေသတွင်း ၌ အဆင့်တစ်ခုရောက်ရှိအောင် ပြု လုပ်ပေးနိုင်ခဲ့သည်။
Democracytoday

မှတ်ချက်များ